Part 5( U )

628 95 5
                                    

အတန်းချိန်နှင့်အချိန်ပိုင်းအလုပ်သွားစရာမရှိသည့်အားလပ်ရက်သောကြာနေ့တစ်ရက်ဖြစ်သည်။

တိမ်စိုင်ကင်းစင်နေသည့်ပြာလွင်လွင်ကောင်းကင်ထက်မှ ရွှေအိုရောင်နေရောင်ခြည်တစ်ချို့ဖြာကျနေသည့်နေ့လည်ခင်းချိန်တွင် ဟန်ဘင်းကခြံဝန်းထဲ၌တစ်ယောက်တည်းတကုပ်ကုပ်ဖြင့်အလုပ်များနေခဲ့သည်။

ရေညစ်ထားသည့်စိုထိုင်းထိုင်းအဝတ်ထည်များက အဝတ်ကြိုးတန်းများပေါ်၌အစီရီ။

တိုက်ခတ်နေသည့်နေ့လည်ခင်း၏လေညင်းနှင့်ရောယှက်၍သင်းပျံ့လာသည့်ဆပ်ပြာနံ့ခပ်သင်းသင်းကြောင့် ဟန်ဘင်းကစိတ်ကျေနပ်စွာတစ်ချက်ပြုံးရယ်လိုက်သည်။

" ဟန်ဘင်းရေ !! မင်းကောင်လေးလာတယ်။"

အဆောင်ဝန်းအတွင်း၌ခေါက်တုန့်ခေါက်ပြန်လျှောက်၍စာကျက်နေသည့်လျိုယွီကောက ရယ်သံနှောနေသည့်အသံဖြင့် ဟန်ဘင်းရှိရာဘက်သို့ဦးတည်၍ခပ်ကျယ်ကျယ်အော်ပြောလာသည်။

လျိူယွီကော၏အသံကြောင့် ပြတင်းတံခါးမှခေါင်းပြူ၍လှမ်းကြည့်သူများနှင့် ခြံဝန်းအနီးတဝိုက်ရှိအဆောင်သားတစ်ချို့က ဟန်ဘင်းကိုတစ်လှည့် မက်ထရူးကိုတလှည့်ပြုံးစစဖြင့်ငေးကြည့်သွားကြပြီး အဆောင်ထဲသို့အလိုက်တသိဖြင့်အလျိူလျိူဝင်ကုန်ကြသည်။

" တိုးတိုးပြောစမ်းပါဗျာ ၊ မက်ထရူးနေရခက်နေပါ့မယ်။ "

" အေးဆေးနေကြနော် ၊ အစ်ကိုအဆောင်ထဲပြန်ဝင်ပေးမယ်။
ဒီလိုက အလိုက်သိရမှာပေါ့ ။
လွတ်လွတ်လပ်လပ်စကားပြောကြငါ့ညီတို့ရေ ။ "

တောင်းပန်ကာမှပိုဆိုးအောင်စသွားသည့်လျိုယွီကောကြောင့် မက်ထရူး၏နားရွက်ဖျားများက ဆေးခြယ်ထားသည့်နှယ်ရဲတက်လာသည်ကို ခပ်လှမ်းလှမ်းမှဟန်ဘင်းပင်သတိထားမိသည်။

အဝတ်ကြိုးတန်းပေါ်၌အစီရီနေရာယူထားသည့်စိုထိုင်းထိုင်းအဝတ်များကိုတချက်ငဲ့ကြည့်လိုက်ပြီး အဝတ်ကြိုးတန်းအောက်မှအဝတ်လျှော်ဇလားနှစ်ခုကိုခပ်သွက်သွက်ကောက်ယူ၍ အဆောင်ထဲသို့ပြေးဝင်ရန်ပြင်နေသည့် ဝီလီယျံဆီကိုထိုးပေးလိုက်ရသည်။

𝙱𝚎𝚕𝚒𝚎𝚟𝚒𝚗𝚐 𝚈𝚘𝚞Where stories live. Discover now