Part 7 ( U )

608 76 12
                                    

" i'm home "

sung hanbin to mattchu

..........

" မက်ချူး "

" ဗျာ "

" ကိုယ်အဆင်ပြေရဲ့လားကြည့်ပေးပါဦး ။ "

မှန်ရှေ့တွင်ရပ်၍နက်ကတိုင်ကြိုးချည်နေသည့်မက်သရူးက  စိတ်အလိုမကျခြင်းတစ်ချို့ကပ်ညှိနေသော လေယူလေသိမ်းနှင့်ခပ်တိုးတိုးညည်းညူလာသည့် ဟန်ဘင်း၏စကားသံကြောင့် အသံလာရာနောက်ကျောဘက်ဆီသို့ငဲ့ကြည့်လာသည်။

" အခုထိ စိတ်တိုင်းမကျသေးဘူးလား ကိုကို ၊
ကြည့်ကောင်းပါတယ် ဘာလို့လဲ ။ "

ရှပ်အဖြူ၏လက်တံတောင်ဆစ်နှစ်ဖက်ကိုခေါက်တင်၍အလုပ်များနေသည့်ဟန်ဘင်းက မှန်တင်ခုံနားတင်ရပ်နေဆဲဖြစ်သည့် မက်သရူးနှင့် အကြည့်ချင်းဆုံလာသည်။

စိတ်အလိုမကျသည့်မျက်ဝန်းများက မှိုင်းညို့နေပြီး မျက်ခုံးတန်းနှစ်ဖက်က သိသိသာသာစုကျုံ့လာသည့်အခါ မက်သရူး၏ရယ်သံလွင်လွင်က အခန်းငယ်လေးထဲ၌ပြန့်လွင့်သွားတော့သည်။

" လာပါပြီဗျာ ၊ ဒီကိုကိုတစ်ယောက်နဲ့ ခက်တာပဲ။ "

ဟန်ဘင်းရှိရာနားသို့တိုးကပ်သွားသည့်မက်သရူးသည် ဟန်ဘင်း၏ စိတ်အလိုမကျဖြစ်၍ဆူပုတ်ပုတ်ဖြစ်နေသည့်မျက်နှာကိုငေးကြည့်ရင်း နှူတ်ခမ်းပါးလေးတစ်ဖက်မှာကော့ညွှတ်၍ပြုံးယောင်သန်းနေခဲ့သည်။

" ဘာတွေအလိုမကျဖြစ်နေလို့လည်းကိုကိုရဲ့ ၊၊ "

ဟန်ဘင်း၏ပါးနှစ်ဖက်ပေါ်သို့လက်ဖဝါးသေးသေးလေးနှစ်ဖက်ဖြင့်အုပ်ကိုင်၍ ချစ်စဖွယ်အသံလေးလုပ်ကာပြောလိုက်သည့်မက်သရူးကြောင့် ဟန်ဘင်း၏မျက်ဝန်းများကလည်း မက်သရူးနှင့်အကြည့်ချင်းဆုံလာသည်။

နှုတ်ခမ်းပါးလေးများကော့ညွှတ်၍ နီးနီးကပ်ကပ်မြင်နေရသည့်မျက်ဝန်းလေးများထဲ၌ပင် ပျော်ရွှင်နေသည့်အရိပ်ယောင်လေးများကူးလူးနေသည့် မက်သရူးကိုကြည့်ရင်း ဟန်ဘင်း၏နှုတ်ခမ်းပါးထက်၌လည်း အပြုံးရိပ်တစ်ခုကထင်ဟပ်လာသည်။

" ကိုကို ! "

ခါးပေါ်သို့လက်တစ်ဖက်ကိုခပ်မြန်မြန်ရစ်နွယ်လိုက်သည့်ဟန်ဘင်းက စက္ကန့်ပိုင်းလောက်သာရှည်ကြာသည့်အနမ်းတစ်ပွင့်ကို မက်သရူး၏နှုတ်ခမ်းပါးပေါ်သို့ဖိကပ်နမ်းရှိုက်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jul 12, 2023 ⏰

Add this story to your Library to get notified about new parts!

𝙱𝚎𝚕𝚒𝚎𝚟𝚒𝚗𝚐 𝚈𝚘𝚞Where stories live. Discover now