Part-6

237 32 1
                                    

ဂျောင်ဝူးတို့သုံးယောက်
ကျောင်းပိတ်ရက်လျှောက်လည်
မယ်ဆိုပြီးချိန်းထားကြသည်

ရေမိုးချိုးပြီးဘာဝတ်ရင်ကောင်း
မလဲစဉ်းစာတာနဲ့ကိုအချိန်အတော်
ယူလိုက်ရသည်

"တီ..တီ..တီ..တီ.."

ဂျောင်ဝူးအဝတ်လဲနေတုန်း
အခန်း password နှိပ်သံကြားလို့
အမြန်ဝတ်ပြီးထွက်ကြည့်လိုက်သည်

"ဟင်..ရူတိုမင်းဘယ်လိုရောက်
လာတာလဲ"

လက်မှာအထုတ်ကြီးအထုတ်ငယ်
စွဲပြီးဝင်လာတဲ့ရူတိုကိုကြည့်ပြီး
ဂျောင်ဝူးကြောင်အနေမိသည်

"ရူတို..password ကလဲဘယ်လို
သိတာလဲဒီနေရာလဲဘယ်လိုသိတာ
လဲဟ"

"ထင်တဲ့အတိုင်းပဲဘာစားစရာမှ
မရှိဘူးမင်းကိုယ့်ကိုကိုဂရုစိုက်"

မေးတာမဖြေပဲပါလာတဲ့အထုတ်
တွေကိုဖြည်ပြီးရေခဲသေတ္တာထဲနေ
ရာချနေတဲ့သူကြောင့်ဂျောင်ဝူး
စူပုတ်သွားမိသည်

"ဘာမှမစားရသေးဘူးမလား
လာကိုယ်ကြက်ကင်ဝယ်လာတယ်
တစ်ခါထဲစားလိုက်"

စိတ်ဆိုးတာကစိတ်ဆိုးတာအစားက
အစားမို့ဂျောင်ဝူးစူပုတ်ပုတ်နဲ့
ဝင်စားလိုက်သည်

"ရော့ ပဲနို့..."

"အဟက်...စိတ်ဆိုးတာလားဒါက"

"ငါမေးတာဖြေလေ"

"ဒါကထူးမှမထူးဆန်းတာ
ငတုံးလေးရဲ့မင်းတိုက်ခန်းကို
ရှီဟိုကိုမေးလိုက်တာလေ"

"ငါမတုံးဘူးခနမေ့သွားရုံပဲ
ဒါပေမဲ့ password ကရော
မင်းဘယ်လိုသိတာလဲရှီဟို
တောင်မသိတာကို"

"ငတုံးလေးပြောရင်လဲစိတ်
ကောက်အုံးမယ်မင်း password
ကသုံညလေးလုံးလေ မင်းလိုငပျင်း
လေးကတစ်ခြားဟာထားမှာမဟုတ်
တာကိုယ်သိတယ်"

ဂျောင်ဝူးမျက်နှာရှူံမဲ့သွားသည်
ဒီရုပ်ဆိုးလေးကရုပ်ဆိုးပေမဲ့
ညာဏ်ပြေးသားပဲ

"ဂျောင်ဝူး..."

ရေချိုးပြီးခါစဂျောင်ဝူးမျက်နှာက
ရှင်းသန့်နေသည်နှာခေါင်းဝမှာ
လာကျီဆယ်နေတဲ့ရေချိုးဆပ်ပြာနံ့
သင်းသင်းလေးကငယ်ငယ်တုန်းက
အတိုင်းမပြောင်းလဲသေးဒါကဆပ်
ပြာနံ့လားကိုယ်သင်းနံ့လားမရေရာ
ပေမဲ့ဂျောင်ဝူးနဲ့နီးကပ်ချိန်တိုင်း
ဒီအနံံသင်းသင်းလေးကသူ့ကို
ဆွဲဆောင်ထားနိုင်ဆဲပင်

ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့Where stories live. Discover now