ဂျောင်ဝူးပုံမှန်လိုပဲအိပ်ယာထ
နောက်ကျတယ်ဒါပေမဲ့ခုနောက်
ပိုင်းတော့မနက်စာအတွက်မပူရတော့ပါ..."ဂျောင်ဝူး...လာပြီလား"
ရူတိုအမေးကိုဂျောင်ဝူးမဖြေနိုင်
သေးပဲရူတိုဘေးဝင်ထိုင်လိုက်
သည်"ဟူးးး....ပြေးလာရတာမော
ရတဲ့ထဲ''ဂျောင်းဝူးမောတယ်ပြောတော့
ရူတိုကအလိုက်သိစွာလွယ်အိပ်
ထဲကချောကလပ်နို့ဘူးလေးကို
တယုတယထုတ်ပေးလာသည်
ပိုက်လေးကိုယ်တိုင်တပ်ပေးဖို့က
လဲမမေ့ဂျောင်ဝူးနို့ဘူးအေးအေးလေးသောက်
ပြီးအမောဖြေလိုက်ပြီးနောက်''ရူတိုငါ့ဖို့မနက်စာယူခဲ့တယ်မလား"
"အင်း"
"ငါမှာလိုက်တာတွေပဲမလား"
"အင်း"
"အိုင့်ယားးးအဲ့ဒါကြောင့်မင်း
ကိုချစ်နေရတာ"ဂျောင်ဝူးကရူတိုပါးကိုဆွဲပြီး
စနောက်နေလိုက်သည်
ရူတိုကတော့ရင်တွေခုန်လို့ဂျောင်ဝူးကတော့သူစားချင်တာ
တွေစားပြီးပျော်နေတော့သည်"ဂျောင်ဝူး...."
"အဟွတ်!!"
ရှီဟိုခေါ်သံကြောင့်ဂျောင်ဝူး
အစားနင်သွားတော့ရူတိုကရေဘူး
လေးဖွင့်ပေးလာသည်ဂျောင်ဝူးရေအမြန်သောက်လိုက်ပြီး
"သေမလိုခေါ်နေတာငါအသက်ထွက်
တော့မယ် မင်းကြောင့်""sorryပါသူငယ်ချင်းရယ်
မင်းဟိုသတင်းကြားပြီးပြီလား""ဘာသတင်းလဲဘာတွေကြားလာ
ပြန်ပြီလဲ""ငါတို့ကန်တင်းကဟင်းချက်တဲ့
အပျိုကြီးလေယောက်ျားရသွားပြီ
တဲ့သူ့ယောက်ျားကနယ်ကမို့
နယ်လိုက်သွားတော့မှာတဲ့""ဘာ!!"
"ဟုတ်တယ်ဟငါတို့တော့
နေ့လည်စာပါငတ်တော့မယ်""မဖြစ်ဘူးလေကန်တင်းမှာအပျိုကြီး
ပဲဟင်းချက်ကောင်းတာကို..ဗြဲ...."ဂျောင်ဝူးတကယ်စိတ်ညစ်တာပင်
သူလိုနယ်ကလာသူတွေအတွက်ကတော့
အရေးကြီးဆုံးကကျောင်းကန်တင်းက
အစားစားကောင်းဖို့ပင်ဖြစ်သည်

YOU ARE READING
ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့
Fanficပေါ့ပေါ့ပါးပါးလေးနဲ့school life လေး ဒရမ်မာလဲပါချင်ပါမှာပေါ့ ဟဲဟဲ😂😁 ဖတ်ပေးကြပါအုံးနော် အမှားပါရင်နားလည်ခွင့်လွှတ်ပေးပါ🤎