ကျောင်းခရီးကဂျယ်ဂျူကျွန်းမို့
ဂျောင်ဝူးတို့အရမ်းကိုတက်ကြွနေမိ
သည်..."ရှီဟို!!..."
"မင်းလာပြီလားငါကအိပ်များ
ပျော်နေသလားထင်နေတာ""ဟဲ...မဟုတ်ပါဘူးရူတိုကြောင့်လေ
သွားရမဲ့အရေးကိုမွမွတောင်း
နေလို့"ရှီဟိုမျက်နှာရှုံ့မဲ့သွားသည်
အရေးထဲကပ်ကြွားနေသေးတာ
မနေ့တစ်နေ့ကကျပြတ်ပါပြီမုန်း
ပါပြီအော်ငိုနေပြီးခုကျတော့လဲ
သူမဟုတ်သလိုပဲတတ်လဲတတ်
နိုင်တဲ့အတွဲတွေ...ရှီဟိုမျက်နှာကိုကြည့်ပြီးဂျောင်ဝူး
ကြိတ်ရယ်နေမိသည်သူ့သူငယ်ချင်း
လေးကအရမ်းစလို့ကောင်းတာပဲ..."ရူတိုကကောတစ်ခါထဲမပါဘူးလား"
"ပါတယ်လေ"
"မင်းအိတ်ကဒါပဲလားနှစ်ညအိပ်
ခရီးကို""အာ...အဲ့ဒါရူတိုသယ်ခဲ့မှာလေ
ငါကဒါပဲယူခဲ့တာ"ရှီဟိုမေးမိတာနောင်တရသွားသည်
အတွဲတွေကြားထဲတကယ်မနေချင်
တော့ပါသူ့ကိုအတွဲရှာရင်ရှာပေး
မရှာပေးရင်လဲဒီအတွဲကိုပြတ်ခိုင်း
လိုက်ပါတော့!!...."ဂျောင်ဝူး...အချစ်ဒီကားနဲ့လိုက်မှာ
သေချာရဲ့လား""သေချာပါတယ်ဆိုကျောင်းခရီးက
ကျောင်းကားနဲ့သွားမှပျော်ဖို့ကောင်း
တာ""ကိုယ်ကမင်းအဆင်မပြေမှာစိုးလို့ပါ"
"ငါအဆင်ပြေတယ်မင်းလဲပါတာပဲကို"
"အင်း...မင်းလမ်းမှာစားဖို့မုန့်ဝယ်လာ
ပေမဲ့အချစ်ဘာထပ်စားချင်သေးလဲ""ရပြီ...ရပြီမင်းဝယ်လာတွေကို
အတော်များနေပြီ""ရှီဟိုအတွက်ကောဝယ်ခဲ့တယ်ရော့"
အစောကတော့အတွဲတွေကိုအမြင်
ကပ်ပေမဲ့မုန့်ထုတ်ကြီးကိုတော့
အမြန်လှမ်းယူလိုက်သည်...
ရှီဟိုအတွက်တော့ဘဝမှာအရေး
ကြီးဆုံးကမိဘပြီးရင်အစားစာ
ပဲဖြစ်သည်..."ပေးပေး...ကျေးဇူးပဲ..."
"ကလေးတွေခုံနေရာယူကြတော့
နော်"ဆရာမစကားအဆုံးသက်ဆိုင်ရာကား
ပေါ်ကျောင်းသားအသီးသီးတက်
ကြတော့သည်...
![](https://img.wattpad.com/cover/336346799-288-k216843.jpg)
YOU ARE READING
ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့
Fanfictionပေါ့ပေါ့ပါးပါးလေးနဲ့school life လေး ဒရမ်မာလဲပါချင်ပါမှာပေါ့ ဟဲဟဲ😂😁 ဖတ်ပေးကြပါအုံးနော် အမှားပါရင်နားလည်ခွင့်လွှတ်ပေးပါ🤎