Part-9

202 32 0
                                    

"ဂျောင်ဝူး..ဂျောင်ဝူး..ဆင်းခဲ့တော့
နော်လိမ္မာပါတယ်"

"နေပါအုံး..ရူတိုရဲ့ငါပြန်ရင်ဒီဇီးသီး
တွေအများကြီးသယ်သွားချင်တယ်"

ဂျောင်ဝူးတို့ဂျပန်မှာရှိနေတာလေးရက်
လောက်ရှိပြီကျောင်းကတော့ရူတိုက
ခွင့်တိုင်ပေးပြီးရှီဟိုကတော့ရူတို
မွေးနေ့ပြီးထဲကပြန်သွားခဲ့သည်...

"အ.."

"သေချာဆင်းလေရင်ပူအောင်
လုပ်နေတာလူကို"

"ဟီးး..ဒီမှာကြည့်ငါအများကြီးခူး
ထားတာ"

"တစ်ခြားသူတွေကိုခိုင်းပါဆို
ကိုယ့်စကားကိုဘယ်တော့မှနား
မထောင်ဘူးပဲ"

"မင်းကလဲမတူဘူးဟကိုယ့်ဘာသာ
ခူးစားတာကပိုချိုတယ်လေ
ဒါနဲ့မနက်ဖြန်တကယ်ပြန်တော့မှာလား"

"ပြန်မှရမယ်လေကြာကြာနေရင်
ဘိုးဘိုးကြီးကမင်းကိုကိုယ့်စီတောင်
ပြန်ပေးမှာမဟုတ်တော့ဘူး
ဘယ်သူကသူ့​မြ​စ်မှန်းတောင်မသိ
တော့ဘူးတကယ်"

"ရူတိုလေးကမနာလိုနေတာပဲ
မင်းပြောကြည့်ဒီအနောက်ဘက်မှာ
ရှိတဲ့ဇီးပင်တွေထဲကတစ်ပင်လောက်
ကိုငါကိုးရီးယားခိုးသယ်သွားရင်
ဘိုးဘိုးကြီးစိတ်ဆိုးလောက်လား"

"သေချာပေါက်မဆိုးဘူးပေါ့"

ဘယ်ချိန်ကရောက်နေမှန်းမသိတဲ့
ဘိုးဘိုးကြီးကဖြေလာခြင်းဖြစ်သည်

"ဘိုးဘိုး.."

"ဘိုးဘိုးကြီးသူ့ကိုကျွန်တော့်ထက်
ပိုပြီးအလိုမလိုက်ပါနဲ့"

"ဟားး..ဒါနဲ့ညကျပွဲရှိတာမို့
ပြင်ထားကြနော်"

"ဟုတ်"

မှာစရာရှိတာမှာပြီးဘိုးဘိုးကြီးကပြန်
ထွက်သွားတော့သည်

"ရူတို..ဘာပွဲလဲငါလဲမသိရပါလား"

"မင်းကိုတစ်ခြားသူတွေနဲ့မိတ်ဆက်
ပေးမဲ့ပွဲလေ"

"ဟမ်..ဘာလို့လဲ"

"ငါ့လက်တွဲဖော်အနေနဲ့"

"ဘာ!!..ငါအဖြေတောင်မပေးရသေး
ဘူးလေ"

"အင်း..သိပါတယ်
တကယ်လို့မင်းသဘောမကျရင်
လုံးဝသွားစရာမလိုပါဘူး"

ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့Where stories live. Discover now