Part-19

167 18 4
                                    

ဂျောင်ဝူးအတော်လေးသက်သာလာမှ
ရူတိုကဆေးရုံကဆင်းခိုင်းသည်...

မားကတော့တစ်ရက်နှစ်ရက်သာနေပြီး
အစောထဲကပြန်သွားခဲ့သည်....

"အားး...ကိုယ့်အိမ်ကအကောင်းဆုံး
နေရာပဲ"

ဂျောင်ဝူးဆိုဖာပေါ်ပစ်လှဲချလိုက်ရင်း
ရေရွတ်လိုက်သည်
ရူတိုကတော့ပစ္စည်းတွေနေရာချပြီးမှ
ဂျောင်ဝူးဘေးဝင်ထိုင်လိုက်သည်

ဟိုကိစ္စဖြစ်ပြီးထဲကရူတိုကဂျောင်ဝူး
ကိုနည်းနည်းလေးမှအပျောက်မခံပေ
ခုလဲဂျောင်ဝူးတိုက်ခန်းမှာပဲအတူလာ
နေမယ်ဆိုပြီးအတင်းလိုက်လာခဲ့သည်...

"မေ့နေတာမားစီဖုန်းဆက်လိုက်ဦးမယ်
ပြန်သွားပြီးထဲကမားကငါ့ကိုတစ်ခုခု
စိတ်ဆိုးနေသလိုခံစားရတယ်ဖုန်း
လဲကောင်းကောင်းမပြောဘူး"

"မင်းစိတ်ထင်လို့နေမှာပါ
အရမ်းမတွေးနဲ့"

ဂျောင်ဝူးစိတ်ထဲတော့လေးနေမိသည်
မားရဲ့မျက်နှာမကောင်းတာသတိ
ထားမိသည်...
ပြန်သွားပြီးတော့လဲဂျောင်ဝူးကဖုန်း
စဆက်မှသာစကားအနည်းငယ်ပြော
သည်ပုံမှန်ဆိုမားကဂျောင်ဝူးဆေးရုံ
မဆင်းမခြင်းအနားမှာရှိပေးမှာအသေ
ချာပင်ခုတော့သူစိတ်ထင်နေသလို
မျိုးမဖြစ်ပါစေနဲ့ဆုတောင်းနေမိသည်...

ခုချိန်မှာမားမေးလာရင်သူ့မှာပြောစရာ
မရှိပါ...

"ဟယ်လို...မား"

'အင်း...သားပြောလေ'

"သားဆေးရုံဆင်းပြီ..."

'အင်း..'

ဂျောင်ဝူးမားကိုတိုက်ရိုက်မေးဖို့ဆုံး
ဖြတ်လိုက်သည်...

"မား...တစ်ခုခုကိုစိတ်ဆိုးနေတာလား
ဟင်"

ဂျောင်ဝူးမေးလိုက်တော့မားရဲ့
သက်ပြင်းချသံကထွက်ပေါ်လာသည်

'ဟူးး...သားအိမ်ပြန်ခဲ့ဦး
သားသူငယ်ချင်းလဲခေါ်ခဲ့ဦး'

ဂျောင်ဝူးသိလိုက်ပါပြီမားကသူနဲ့ရူတို
အကြောင်းကိုသိသွားခဲ့ပြီဒီကိစ္စကအနှေး
နဲ့အမြန်ရင်ဆိုင်ရမဲ့ပြဿနာဆိုပေမဲ့
တကယ်ကြုံ‌တွေ့လာရတော့ဂျောင်ဝူး
တုန်လှုပ်နေမိတာအမှန်ပင်...

ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့Where stories live. Discover now