ဂျောင်ဝူးတို့မားစီမှာတစ်ပါတ်လောက်
နေရန်ဆုံးဖြတ်လိုက်ကြသည်...ကျောင်းစာတွေကိုတော့နောက်မှရှီဟိုစီ
ကပြန်ကူးတော့မည်....အခုလိုကိုယ့်အိမ်မှာအားရပါးရနားရတာ
ကောင်းလိုက်တာတိုက်ခန်းမှာနေရတဲ့
ခံစားချက်နဲ့လုံးဝမှတူမနေဘူး...ဒေါက်...ဒေါက်
"ဂျောင်ဝူး...သားထတော့မနက်စာ
ထစားတော့""ဟုတ်မား!..."
ဂျောင်ဝူးဇိမ်ခံနေပေမဲ့မားကလာခေါ်နေ
ပြီမို့အိပ်ယာကနေရုန်းထလိုက်တော့
သည်...ရုတ်တရက်သူ့ဘေးကိုကြည့်လိုက်ပြီးရီ
လိုက်မိသည်.....
ဆေးရုံမှာရှိနေတဲ့အတောအတွင်းမှာ
ကောသူနဲ့ရူတိုနဲ့အတူအိပ်ခဲ့ရတာမို့
အခုဘေးမှာလွတ်နေတော့တစ်ခုခု
လိုနေသလိုပင်...ညကသူနဲ့တစ်ခန်းနေရအောင်တောင်းဆို
နေတဲ့ရူတိုပုံစံကိုပြန်တွေးမိရင်းရီမိသွား
သည်...မားကလဲလုံးဝခွင့်မပြုခဲ့ပေနောက်ဆုံး
တော့ရူတိုကပဲအလျော့ပေးပြီးအခန်း
သက်သက်စီအိပ်လိုက်ရတော့သည်..."သားရေ...ကြာမနေနဲ့!!..."
မားရဲ့အသံကြောင့်ဂျောင်ဝူးအတွေးတွေ
ကိုရပ်ပြီးမျက်နှာသစ်ရန်ရေချိုးခန်းထဲ
ဝင်လိုက်တော့သည်........................................
ဂျောင်ဝူးဆင်းလာတော့မီးဖိုခန်းထဲမှာ
မားနဲ့အတူမနက်စာကူပြင်နေတဲ့ရူတို
ကိုတွေ့လိုက်ရသည်..."အချစ်...အဲဂျောင်ဝူးလာပြီလား"
အချစ်လို့ခေါ်ရာကနေမားရဲ့မျက်စောင်း
ကြောင့်ရူတိုအမြန်ပြင်ခေါ်လိုက်သည်...
ယောက္ခမစိတ်ဆိုးမှာသူမလိုလားပေ..."အင်း..."
ဂျောင်ဝူးရီချင်စိတ်ကိုထိန်းပြီးဖြေလိုက်
သည်...ထို့နောက်မနက်စာတိတ်တဆိတ်စားပြီး
ရူတိုနဲ့မားကပန်းကန်တွေသိမ်းနေကာ
ဂျောင်ဝူးကဧည့်ခန်းထဲမှာTVထိုင်ကြည့်
နေလိုက်သည်....စိတ်ကူးပေါက်ရာလိုင်းတွေလျှောက်
ပြောင်းနေရင်းစိတ်ဝင်စားစရာသတင်း
တစ်ခုတွေ့လိုက်ရတော့သည်...
YOU ARE READING
ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့
Fanfictionပေါ့ပေါ့ပါးပါးလေးနဲ့school life လေး ဒရမ်မာလဲပါချင်ပါမှာပေါ့ ဟဲဟဲ😂😁 ဖတ်ပေးကြပါအုံးနော် အမှားပါရင်နားလည်ခွင့်လွှတ်ပေးပါ🤎