"လူထိုရားး..."
ရူတိုကားကိုမှီပြီးရပ်နေရာကနေ
ပြေးလာတဲ့ချစ်ရသူလေးကြောင့်
ကိုယ်ကိုမတ်လိုက်ပြီးလက်နှစ်ဖက်
ကိုဖြန့်ထားလိုက်သည်..."အင့်..."
ဂျောင်ဝူးပြေးလာပြီးရူတိုကိုအင့်ကနဲ
မြည်အောင်ထိဖက်ပစ်လိုက်သည်...."ဖြေးဖြေးလာတာမဟုတ်ဘူးအချစ်
ရယ်လဲနေရင်ဘယ်လိုလုပ်မလဲ""မလဲပါဘူး...လုံးဝမလဲမှာ
သေချာတယ်""အရမ်းတွေကိုယ့်ကိုကိုယုံကြည်
နေတာပေါ့"ရူတိုမေးတာကိုဂျောင်ဝူးကခေါင်း
ကိုခါပြီးငြင်းလိုက်သည်..."မဟုတ်ပါဘူး...ငါကမင်းကိုယုံတာ
မင်းနားရှိနေသရွေ့မင်းနဲ့ရှိနေသရွေ့
မင်းကငါ့ကိုဘာမှအဖြစ်ခံမှာမဟုတ်
ဘူးဆိုတာသိလို့"သွားတွေဖြီးပြပြီးမျက်စိမှေးမှေး
လေးတွေမှိတ်သွားတဲ့ရယ်နေရင်း
ချစ်စရာကောင်းအောင်ဖြေလာသူ
ကြောင့်ရူတိုပိုပြီးအသဲယားလာရ
သည်...ပွယောင်းယောင်းဖြစ်နေတဲ့ဆံပင်
ကောက်လေးတွေကိုအသာထိုးဖွ
လိုက်မိသည်..."နည်းနည်းအေးလာတာကိုကွာ...
လက်ရှည်ဝတ်ပြီးမှထွက်ခဲ့မယ်
မရှိဘူး""ငါဝတ်မလို့ပဲမင်းကရုတ်တရက်
ရောက်လာတာကိုအစောကြီးရှိ
သေးတာကို"ရူတိုရှစ်နာရီထိုးတာကိုစောတယ်
ပြောနေတဲ့ဂျောင်ဝူးနှဖူးလေးကို
အသာတောက်လိုက်သည်.."ရှစ်နာရီကျော်နေပြီလေစောတုန်း
လား""စောတာပေါ့မင်းဘာသိလို့လဲ
ငါကကျောင်းပိတ်ရက်ဆိုဆယ့်တစ်
လောက်မှထတာ"ရူတိုသဘောမကျစွာမျက်မှောင်ကြုံ့
မိသွားတော့သည်..."ကျစ်...ဒါမျိုးတွေမလုပ်နဲ့တော့
မနက်စာမစားတာကဘယ်လောက်
ကျန်းမာရေးထိခိုက်လဲမသိဘူးလား
မနက်စာထစားပြီးမှပြန်အိပ်ချင်အိပ်လေ"ဂျောင်ဝူးမျက်နှာမဲ့သွားမိသည်...
"မင်းဆူနေတာလားငါ့ကို"
"ဟုတ်တယ်..ကိုယ်အချစ်ကို
ဆူနေတာ""သွား..သွားပြန်တော့ဘာလဲ
မနက်စောစောစီးစီးလာဆူနေတယ်"

YOU ARE READING
ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့
Fanficပေါ့ပေါ့ပါးပါးလေးနဲ့school life လေး ဒရမ်မာလဲပါချင်ပါမှာပေါ့ ဟဲဟဲ😂😁 ဖတ်ပေးကြပါအုံးနော် အမှားပါရင်နားလည်ခွင့်လွှတ်ပေးပါ🤎