Part-16

180 27 6
                                    

ဂျောင်ဝူးအိပ်ယာကနေနိုးတစ်ဝက်
ဖြစ်နေပြီးမျက်လုံးကိုအားယူဖွင့်လိုက်
ရသည်မနေ့ကခရီးပန်းတာကောညနေ
ရေဆော့တာကောပေါင်းပြီးသူနှစ်ခြိုက်
စွာအိပ်ပျော်သွားခဲ့သည်...

မဖွင့်ချင်သေးတဲ့မျက်လုံးတွေကိုလက်
နှစ်ဖက်နဲ့ပွတ်သပ်နေမိသည်...

"အတင်းမပွတ်နဲ့လေ"

လက်ကိုလာဆွဲပြီးတားမြစ်တဲ့စကားသံ
ကြားမှဂျောင်ဝူးအိပ်ချင်တဲ့စိတ်တွေ
ပျောက်သွားပြီးလက်ရှိအခြေနေကို
သတိထားမိတော့သည်...

သူ့ခြေထောက်ကရူတိုပေါ်ကိုဖက်လုံး
လိုဖက်တွယ်ထားသည်...

အခြေနေကတကယ်ကို့ယိုကားယား
နိုင်လှသည်...

"မင်း...မင်း"

ဂျောင်ဝူးအမြန်ထထိုင်လိုက်ပြီးဘာ
ပြေရမလဲတောင်မသိ‌ဖြစ်နေမိသည်
သူရဲ့အိပ်ရေးမက်တာကပြင်လို့မရတဲ့
အကျင့်ပေ...

"ဘာလိုအမြန်ထတာလဲအချစ်ရဲ့
အိပ်ယာနိုးနိုးချင်းရုတ်တရက်မထရဘူး
ခေါင်းတွေမူးတတ်တယ်ခုအဆင်ပြေ
ရဲ့လား"

ရူတိုကတကယ်ကြီးစိတ်ပူ‌နေတာ
မို့ဂျောင်ဝူးအသာခေါင်းညိမ့်ပြရင်း
ဖြေလိုက်သည်...

"အင်းပြေပါတယ်ငါကရုတ်တရက်မို့...
နောက်ပြီးမနေ့ညကမအိပ်ခင်ကြားထဲ
မှာခြားထားဖို့ငါပြောထားတာကို"

"ကိုယ့်ကိုရန်လုပ်မနေနဲ့အချစ်ပဲဖက်လုံး
ကြီးလွှင့်ပစ်ပြီးကိုယ့်ဘက်အတင်းတိုး
လာပြီးဖက်လုံးလိုလာဖက်အိပ်တာလေ"

ရူတိုစကားကြောင့်ဂျောင်ဝူးမျက်နှာ
အပူလှိုင်းဖြတ်သွားတော့သည်...

"ငါပြောသားပဲငါအိပ်ရေးကြမ်းပါတယ်
လို့အဲ့ဒါကိုမင်းကအတင်းတစ်ခန်းထဲ
နေချင်နေတာ"

"ဟားး...ထားပါတော့ခုတော့ကိုယ်
ညောင်းလိုက်တာ"

"လာလာငါနှိပ်ပေးမယ်"

သူတစ်ညလုံးဖက်အိပ်ထားလို့ညောင်း
နေတာမို့ဂျောင်ဝူးအလိုက်သတိနှိပ်
ပေးလိုက်သည်...

ညောင်းတာကတစ်နေရာနှိပ်တာကတစ်
နေရာဖြစ်နေတာကိုရူတိုဘာမှမပြော
တော့ဘဲပုခုံးပေါ်အသာယာပြေးလွှား
နေတဲ့လက်လေးကိုငုံ့ကြည့်ပြီးသဘော
ကျစွာပြုံးနေမိသည်...

ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့Where stories live. Discover now