1

452 24 0
                                    


ဒီနေ့တော့အဆောင်ပြန်တဲ့လမ်းတစ်လျှောက်အရင်ကထက်ပိုလိုပင်တိတ်ဆိတ်နေသလို။သူ့အတွေးပင်မဆုံးသေး နောက်ကနေခြေသံကြား​တာမို့လှည့်ကြည့်လိုက်တော့ လူသုံးယောက်သူနောက်ကနေထပ်ချပ်မကွာလိုက်လာဒါမို့ ခြေလမ်းတွေကိုပိုမိုတင်ကာလျှောက်လာလိုက်သည်။*ဘာလဲ ခါးပိုတ်နိုတ်တွေလား*ညအမှောင်ထုကလည်းလူကိုပိုခြောက်လှန့်နေသလိုပင်။

''ဟိတ် အရှေ့ကတစ်ယောက်!!!''

အနောက်ကနေ သူကိုခေါ်သံကြားလိုက်တော့ လူက
အကြောက်လွန်သူပီပီ ကိုယ့်နဲ့အတူပါလာတဲ့လွယ်အိပ်ကြိုးလေးကိုလက်ကလေးနဲ့တည်းနေအောင်ကိုင်က အပြေးတစ်ပိုင်းလျှောက်နေတော့၏။

ကျွီးးး!!!

ထိုအချိန်တွင်သူရှေ့သို့ဆိုင်ကယ်တစ်စီးထိုးရပ်သွားတော့နောက်မှလိုက်လာသူများကလည်းလာရာလမ်းအတိုင်းအမြန်
ပြန်လှည့်သွားတော့သည်။တော်သေးဒါပေါ့...... မဟုတ်ရင်တော့ သူတစ်ယောက်ထဲမတွေးရဲ့စရာ။

''ရပီ သူတို့မရှိတော့ဘူး''

ဟယ်ချန်းလည်းဆိုင်ကယ်ပေါ်ကလူရဲ့အသံကြားမှတက်ထားတဲ့မျက်မှန်လေးကိုတချက်ပင့်ကာမော့ကြည့်လိုက်သည်။သို့သော်ထိုသူမှာhelmetဆောင်းထားသောကြောင့်ရုပ်ကိုတော့မမြင်ရပေ။

''ကျေး.... ကျေးဇူးပါ ''

သူကျေးဇူးတင်စကားပြောလိုက်တော့ခပ်ပြတ်ပြတ်အသံနဲ့*မလိုဘူး*လို့ပြောလာ၏။

''အဆင်ပြေရင် သွားပီနောက်လည်းဂရုစိုက်သွားပါ
ယောကျာ်းလေးဆိုပီးဘာမှမလုပ်ဘူး မထင်နဲ့''

ထို့သို့ပြောပြီး ထို့သူသည်ဆိုင်ကယ်နှင့်ဟယ်ချန်းရှေ့မှမောင်းထွက်သွားတော့သည်။ဟယ်ချန်းလည်းသူ့ရှေ့ကမောင်းထွက်သွားပီဖြစ်တဲ့ဆိုင်ကယ်ကိုကြည့်ကာ သက်ပြင်းချမိသည်။ဒီနေ့မှ ဂျယ်မင်းတို့အိမ်မှာအရေးကြီးကိစ္စရှိတယ်ဆိုလို့သူတစ်ယောက်ထဲပြန်လာရခြင်းသာ။ဟယ်ချန်းဒီလိုဖြစ်တာကျောင်းတတ်နေတဲ့အတောအတွင်းပထမဦးဆုံးပင်။

''နောက်တစ်ခါ တစ်ယောက်ထဲအဆောင်ကိုပြန်မလာတော့ဘူး''

ဟယ်ချန်းတစ်ယောက်ခပ်တိုးတိုးရေရွတ်ကာအဆောင်ကိုပြန်လာလိုက်တော့သည်။

𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆 Where stories live. Discover now