ဟယ်ချန်းအခန်းထဲသို့ရောက်တာနဲ့တံခါးကိုမီကာရပ်နေမိ၏။သူMark hyungပြောလိုက်တဲ့စကားလေးတစ်ခွန်း
ကြောင့်နဲ့သူ့ရဲ့ရင်ခုန်နှုန်းတွေထိန်းမရအောင်ဖြစ်သွားသည်လား။''ဟယ်ချန်း ပြန်လာတာနောက်ကျလိုက်တာဘယ်တွေသွားနေလို့လဲ''
ဂျယ်မင်းဂိမ်းဆော့မပျက်စွာမေးလိုက်သည်။
ဟယ်ချန်းလည်း ဂျယ်မင်းမေးတာကိုမဖြေသေးသေး
ကုတင်ပေါ်သို့သွားလှဲလိုက်ပြီး သူရဲ့ရင်ခုန်နှုန်းတွေငြိမ်သပ်အောင်ခနနေလိုက်သည်။နောက်မှ ဂျယ်မင်းရဲ့အမေးစကားကိုပြန်ဖြေလိုက်၏။''ဒီတိုင်း.....ဒီတိုင်း မေမေ့ဆီ ခနသွားလိုက်တာ''
ဟယ်ချန်လိမ်လိုက်ချင်းသာ။သူMark hyungနဲ့တွေ့ခဲ့တာကိုမပြောသင့်ဘူးလို့ထင်သောကြောင့်ပင်။Markရဲ့ဝမ်းနည်းနေတဲ့ပုံစံကို အကြားလူတွေကိုဟယ်ချန်းမပြောလိုပါ။
''ဟုတ်လို့လား ဟယ်ချန်း''
''ဟုတ်ပါတယ်ဆိုဂျယ်မင်းကလည်း မင်းဂိမ်းတွေဆော့နေပြန်ပီလား''
''ခနပါဘဲ စောစောကမှစာကြည့်ထားတာ''
''ငါကယုံပေးရမယ်ပေါ့''
ဟယ်ချန်းပြောလိုက်တော့ဂျယ်မင်းမျက်လုံးစွေကြည့်လာသည်။ပြောရရင်ယုံချင်ယုံမယုံချင်နေဆိုတဲ့ပုံပင်။ဟယ်ချန်းအခုမှအခန်းကိုကြည့်မိတယ်၊LeLeလည်းမရှိပေ၊စာလာမလုပ်တာများလား။
''ဒါနဲ့ LeLeရော ဂျယ်မင်း''
''ဪ ဗိုက်စာလို့ဆိုပီးစတိုးဆိုင်သွားတယ်''
''ဟုတ်လား ဟီးးငါလည်းစာနေတာနဲ့အတော်ဘဲပြန်လာမှLeLeဆီကယူစားအုံးမယ်''
ကုတင်ပေါ်လှဲနေတဲ့ဟယ်ချန်ကိုဂျယ်မင်းအမြင်ကပ်စွာ
သူ့ကုတင်ကခေါင်းအုံးနဲ့ပစ်ပေါက်လိုက်သည်။ဟယ်ချန်းလောက်စားနိုင်တာဟယ်ချန်းဘဲရှိတယ်။''ဂျယ်မင်းမင်းများနေပီနော် ငါလုပ်လိုက်မှမင်းသေသွားမယ်''
တကယ်တော့ဂျယ်မင်းကိုမလုပ်ရဲပါ။အသံကောင်းဟစ်နေခြင်းသာ။
''လာလေလုပ်လိုက် မင်းစကားတွေလာများနေလို့ငါဂိမ်း
ရှုံးသွားပီ''

YOU ARE READING
𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆
Short Storyမင်းက အေးစက်စက်ကိုယ့်နှလုံးသားလေးထဲ ရုတ်တရက်ကျရောက်လာတဲ့ နေရောင်ခြည်လေးပါ ဟယ်ချန်း။ ဒါပေမဲ့ ဘာကြောင့်ကိုယ့်တို့နှစ်ယောက်ရဲ့ ကမ္ဘာ့လေးထဲကနေခွဲထွက်သွားရတာလည်း ......ဘာကြောင့်လည်း.......