8

207 25 1
                                    


အတန်းပိုင်ဆရာjohnnyကအတန်းဆင်းချိန်မှ ဂျယ်မင်းကိုစာမေးပွဲအတွက်အရေးကြီးတဲ့ဖိုင်တွဲအချို့ကိုစီနီယာအဆောင်ကနေသွားယူခိုင်းတာမို့ သူသွားနေချင်းပင်။ဟယ်ချန်းကောင်စုတ်လေးကလည်းလိုက်ခဲ့ပါလို့ပြောတာကို မလိုက်ချင်ဘူးလို့ပြောတာမို့သူတစ်ယောက်ထဲသာ။သို့မို့ဆိုသူChenleကိုခေါ်ခဲ့လို့ရသည်။Chenleကလည်းဒီနေ့မှနေမကောင်းလို့ဆိုကာအဆောင်မှာနေခဲ့လေသည်။

ဂျယ်မင်း စီနီယာအခန်းရှေ့ရောက်တော့ဘယ်လို့ဝင်တောင်းရမလဲမသိပေ။သို့ပေမဲ့ သူလက်ကိုလာဆုတ်ကိုင်လိုက်တဲ့ရှည်သွယ်သွယ်လက်တစ်စုံကြောင့် လန့်သွားရ၏။သို့သော် ဂျယ်မင်းကြည့်လိုက်တော့ စီနီယာ ဂျဲနိုဖြစ်နေတာမို့ မရုန်းဖြစ်။

''ဂျယ်မင်း ဘာလာလုပ်တာလဲ ဒီဘက်အဆောင်ကို''

''အော်...စီနီယာ ဂျဲနိုအားနာပေမဲ့ပြောစရာရှိလို့''

ကောင်လေးကသူ့ဆုတ်ကိုင်ထားတဲ့ လက်ကိုမရုန်းတဲ့အပြင်ပြန်ဆုတ်ကိုင်၍ အားကိုးတကြီးပြောလာသည်။။ဂျဲနို ဂျယ်မင်းစရောက်လာကတည်းမြင်၏။အစကတော့သွားဖို့အထိဂျဲနိုမတွေးမိ၊သို့သော်အတန်းထဲကမိန်းကလေးများက ဂျယ်မင်းကိုကြည့်နေတာကိုဂျဲနိုမကြိုက်တာမို့ထိုကောင်လေးရဲ့လက်သေးသေးလေးကိုဆုပ်ကိုင်ကာမေးလိုက်ချင်းပင်။အတန်းထဲက မိန်းကလေးများကတော့ထိုမြင်ကွင်းကိုမြင်ကာပြောစရာစကားများတသီသသန်းကြီးရလိုက်လေသည်။
ဂျဲနိုလိုလူက ဘယ်တုန်းကများလူတစ်ယောက်ကိုဒီလိုအ
ရေးတယူလုပ်ကာမေးတတ်သွားရသလည်းလို့ အခန်းထဲကမိန်းကလေးများအံ့သြတကြီးတွေးလိုက်မိ့ကြသည်။

''ပြောလေ....ဂျယ်မင်းအားမနာပါနဲ့''

''ဟိုလေ ဆရာjohnnyကစာမေးပွဲအတွက်လိုအပ်တဲ့ဖိုင်တွေလာယူခိုင်းလိုက်တာ အဲ့တာလေး.....''

''အော်....အဲ့တာကိုယ့်ကိုပေးခဲ့တာ ကိုယ့်လည်းလာယူမဲ့သူကိုစောင့်နေတာ မင်းဖြစ်နေတော့ကိုယ့်စောင့်ကျိုးနပ်သွားပီဘဲ''

ဂျဲနိုကပြောပြီးမှ သူပါးစပ်သူအချိန်အမြန်ရပ်လိုက်၏။ကောင်လေးကတော့ သူစကားကြောင့်မျက်လုံးလေးများဝိုင်းစက်သွားကာ ကြောင်တောင်တောင်လေးဖြစ်သွား၏။

𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆 Where stories live. Discover now