14

406 24 4
                                    


''အင်းးး''

''နိုးပြီလား''

''ဟင် စီနီယာ Markhyung''

Markသူကိုပြူကြောင်ကြောင်လေးပြန်ကြည့်လာတဲ့ ဟယ်ချန်းကြောင့်အသည်းယားလာရ၏။ဆံပင်လေးတွေကကလည်းအနည်းငယ်ပွနေတာကြောင့် Markသူလက်နဲ့ပြန်သပ်ပေးတော့ ထိုကောင်လေးခေါင်းလေးငုံ့သွားသည်။

''စီနီယာကို မလာတော့ဘူးထင်နေတာ''

ခေါင်းလေးကိုငုံ့ထားရာကနေ ကိုယ့်ကိုဘဲပြောသလိုသူဘာသူရေရွတ်သလိုပြောလာလာတဲ့ ဟယ်ချန်းရဲ့အသံလေးကတကယ်တိုးတိုးလေးပင်။

''ကိုယ့်ကို စောင့်နေခဲ့တာလား''

''အဲ့...အဲ့လိုတော့မဟုတ်ပါဘူး ဒီတိုင်းဘဲ''

ကားထဲမှာအခုဆို သူတို့နှစ်ယောက်ထဲသာ။အကုန်လုံးက ကားခနရပ်သည်မို့ toiletသွားတဲ့လူကသွားနဲ့အသီးသီးဆင်းသွားကြသည်။ဂျဲနိုကသူကိုခေါ်ပေမဲ့ ဟယ်ချန်းကအိပ်ပျော်နေတာမို့မလိုက်ဖြစ်ခဲ့ပေ။

''ဟက် ဟုတ်လို့လား၊မင်းလိမ်နေရင်အရမ်းသိသာတယ်''

ဟယ်ချန်းမျက်နှာနားထိသူမျက်နှာကိုတိုးကပ်လိုက်ကာ ပြောလိုက်တော့ထိုကောင်လေးကမျက်လုံးလေးတွေကိုမှိတ်ပစ်သည်။

''ဘာမှမလုပ်ပါဘူး......ဒါပေမဲ့သိလား ဒီကားထဲမှာကို့ယ်တို့နှစ်ယောက်ဘဲရှိတာကို''

Markပြောလိုက်တော့မှ ဟယ်ချန်းကသတိထားမိ့ပုံပင်။ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ပြီး လက်မှာပတ်ထားတဲ့နာရီလေးကိုကြည့်ကာ အံ့သြသွားပုံပင်။

''ဒါဆို ကျွန်တော်အိပ်ပျော်သွားတာအကြာကြီးဘဲ''

''အင်းဟုတ်တယ်....ဗိုက်ဆာနေပြီလား''

Markမေးလိုက်တော့ ပါးလေးတွေမို့တက်သွားသည်ထိပြုံးပြလာကာ ခေါင်းညိမ့်ပြလာသည်။Markလည်းအစကတည်းက တွေးမိ့လို့ သူဒီကိုမလာခင်ကတည်းကဟယ်ချန်းအတွက်အပြင်ကနေဝယ်လာခဲ့လိုက်တာဖြစ်သည်။

''စားလို့ရတာတွေတော့ ဝယ်လာတယ်ရော့....''

ပြောလည်းပြောဟယ်ချန်းကိုမုန့်အိတ်ကြီးပေးလာသည်။ဟင်...ဒီမုန့်တွေကသူအတွက်ဝယ်လာတာလား။

You've reached the end of published parts.

⏰ Last updated: Nov 05, 2023 ⏰

Add this story to your Library to get notified about new parts!

𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆 Where stories live. Discover now