13

257 24 0
                                    

ဒီနေ့ကဟယ်ချန်းတို့ လေ့လာရေးခရီးထွက်ရမဲ့နေပင်။ဆရာjohnnyကအကုန်လုံးကိုကျောင်းမှာဘဲဆုံကြရန်ပြောသောကြောင့် သူတို့တွေဝယ်သင့်တာတွေဝယ်ကာစောင့်နေခြင်းပင်။ဟယ်ချန်းမှာတစ်ယောက်ထဲဖစ်နေသလိုပင်။စီနီယာဂျဲနိုကလည်း ဂျယ်မင်းနားကကိုမခွာပေ။Chanleကျပြန်တော့လည်း ဂျီဆောင်းကသူနားကမခွာလို့စိတ်ညစ်နေပုံပင်။
နောက်ပြီး ဟယ်ချန်းအခုချိန်ထိတစ်ယောက်သောသူကိုမတွေ့သေးပေ။

''သွားကြရအောင် ကလေးတို့၊ကားလာပြီ''

''ဟုတ်!!!''

ဆရာjohnnyရဲ့ အသံကိုကြားတော့မှဟယ်ချန်းစီနီယာMark hyungကိုရှာနေရင်းကနေအသိဝင်သည်။သူဘာသူလာ လာမလာလာကိုယ့်နဲ့မဆိုင်ဘဲနဲ့ ဟယ်ချန်းစိတ်ဆိုးချင်လာသည်။

''ဟယ်ချန်းသွားမယ်လေ ဘာဖြစ်လို့လဲ''

jaemin နှုတ်ခမ်းဆူပြီးထိုင်နေသောဟယ်ချန်းနားကိုသွားကာပြောလိုက်မှ ထလာသည်။သူကိုယ့်တော့ ဘာစကားမှပြန်မပြောပေ။ကျောင်းကဆင်ပေးတဲ့ကားနဲ့မို့ အကုန်လုံးမှာခုံနံပါတ်ကိုယ့်စီနဲ့ပင်။ဂျီဆောင်းကတော့ Chanleနဲ့အတူထိုင်ရဖို့အရေး Chanleဘေးခုံကကောင်လေးဆီကခုံနံပါတ်လဲတာအဖတ်ကောင်းလေးကမလဲပေးလို ပြန်တောင်ဝယ်လိုက်သေးသည်။တကယ်.....မလွယ်တာဘဲ။

''Markက မလာသေးတာလား ဂျဲနို''

johnnyကကားထဲကလူတွေကို စစ်ကာဂျဲနိုကိုလှမ်းမေးလိုက်ခြင်းပင်။

''ဟုတ် ဆရာ၊မလာသေးဘူးခနလောက်စောင့်ပေးပါအုံး''

''အေး...အေး ''

ဂျဲနို မနေ့ညနေကတည်းက Markကိုဆက်သွယ်လို့မရပေ။အဲ့ကောင်က ပျောက်သွားရင်အစအနတောင်မကျန်ပေ၊နောက်ပြီးသူတို့တွေကိုလည်း ဘယ်တော့မှသူကအရင်မဆက်သွယ်ဘူးပေ။

''ဟယ်ချန်း နေမကောင်းဘူးလား''

''မဟုတ်ပါဘူး စီနီယာ၊ဘာဖြစ်လို့လည်း''

''ဘာမှမဖြစ်ပါဘူး....ထားပါတော့''

''ဟုတ်''

ဂျဲနိုကို ထိုကောင်လေးကထိုစကားတစ်ခွန်းသာပြောပြီး headphoneကိုတပ်ကာ တစ်ဖက်သို့မျက်နှာလှည့်၍ မျက်လုံးများကိုမှိတ်ပစ်သည်။ဂျဲနိုလည်းဘာမှဆက်မမေးလို့တာမို့ နောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တော့ သူရဲ့အနှီးလူသားလေးက ဘေးနားကကောင်လေးနဲ့စကားတွေပြောကာရယ်နေကြည့်၏။ဘာအကြောင်းကြောင့် ရယ်သည်ဖြစ်စေ၊
ထိုကောင်လေးအပြုံးတွေက သူဆိုတဲ့ဂျဲနိုကြောင့်ဘဲဖြစ်စေချင်သည်။အတွေးနဲ့အတူ သူရဲ့မျက်ခုံးတွေကိုထိလိုမတက်ကြုံ့ပြစ်လိုက်မိသည်။မျက်နှာသည်လည်းတည်တင်းလိုပင်။အစကတည်းက သူလည်းဂျီဆောင်းလိုလုပ်လိုက်ရင်အကောင်း၊သူခုံနံပါတ်က ဂျယ်မင်းနဲ့အကွာကြီးပင်။ကျစ်....စိတ်ရှုပ်စရာတွေ။

𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆 Where stories live. Discover now