6

195 27 0
                                    


ဟယ်ချန်းဒီနေ့ပျင်းပျင်းနှင့်ကျောင်းဆင်းထဲကဂျယ်မင်းတို့နဲ့အဆောင်ကိုပြန်မလိုက်သွားဘဲကျောင်းအဆောင်တွေကိုကြည့်ကာလမ်းလျှောက်လာတော့သည်။အခုဆိုရင်ဟယ်ချန်းဒီကျောင်းမှာတက်နေတာနောက်ဆုံးစာမေးပွဲတွေပင်ရောက်တော့မည်။

ထိုခန...... ကျောင်းဘောလုံးကွင်းရဲ့အပင်ကြီးကိုမိီ၍ထိုင်နေသောလူတစ်ယောက်၊သူမျက်မှောင်လေးရှုံ့ကာကြည့်လိုက်တော့စီနီယာMark hyung ဘာဖြစ်လို့ထိုအပင်အောက်တွင်ထိုင်နေသလဲမသိပေမဲ့ သူအပင်နားသို့တိုးကပ်သွားတော့ စီနီယာMark hyungရဲ့မျက်နှာဟာအရင်လိုအေးစက်ပြီးကြောက်စရာကောင်းမနေဘဲ၊ဝမ်းနည်းနေတဲ့အရိပ်အရောင်များဖျက်ပြေးနေသည်။တော်ယုံကျောင်းမှာတွေ့ရလေမရှိတဲ့
စီနီယာMark hyungကိုတွေ့ရတော့လည်း ၊ ထိုဝမ်းနည်းနေတဲ့ပုံစံနဲ့လည်းဟယ်ချန်းမမြင်တွေ့ချင်ပေ။

ဟယ်ချန်းဘာမှန်းမသိပေမဲ့ Mark hyungနားသွားပြီးမေးကြည့်ချင်သည်။သို့သော်သူမရဲပေ။ထိုအချိန်တော့ သူကြောက်စိတ်တွေကိုခနဖယ်ထားသင့်သည်ဟုတွေးကာ စီနီယာ Mark hyung အနားသွားဖို့ဆုံးဖြတ်လိုက်သည်။

Markသူရှေ့သို့ရှေ့စုံလာရပ်တဲ့ခြေထောက်တစ်စုံကြောင့်မော့ကြည့်လိုက်တော့သူကိုပြူးကြောင်းကြောင်းလေးကြည့်နေတဲ့ဟယ်ချန်းဆိုတဲ့ကောင်လေး။

''ကျွန်တော်ထိုင်မယ်နော်''

သူတောင်ဘာမှမပြောရသေးထိုကောင်လေးဟာသူဘေးနားလို့လာထိုင်သည်။

''မင်းထွက်သွားတာကောင်းမယ်ထင်တယ်''

Markပြောလိုက်တော့ဘာမှတော့ပြန်မပြောသူ့မျက်နှာကိုကြည့်နေ၏။ပုံမှန်ဆိုလျှင်Markကိုတွေ့ရင်တောင်ပတ်ပြေးနေတဲ့ကောင်လေးကသူ့ဘေးလာထိုင်တော့အနည်းငယ်တော့အံသြမိသည်။

''hyung ဘာဖြစ်နေလဲ မသိပေမဲ့ကျွန်တော်ကိုရင်ဖွင့်လို့ရတယ်နော်''

''ကျွန်တော်ကိုhyung ဖြစ်နေတာတွေကိုခနတာနားထောင်နှစ်သိမ့်ပေးတဲ့လူလို့သတ်မှတ်လို့ရပါတယ်''

ထိုစကားလုံးလေးဟာ သူ့နှလုံးသားကိုနွေးထွေးသွားစေသည်။သူကိုဘာဖြစ်နေလဲဆိုပြီး ဘယ်သူမှမေးခဲ့ဖူးသူမရှိခဲ့ဖူးချေ။ဂျဲနိုတို့ကိုလည်း သူဖြစ်နေတာများကိုမပြောပြဘူးချေ။သူကကိုသိုသိပ်တက်လွန်းနေသောကြောင့်ပင်။

𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆 Where stories live. Discover now