Ring...Ring....📱ရေချိုးခန်းထဲကအထွက်ဖုန်းသံကြားဒါမို့ ဟယ်ချန်းဖုန်းကိုင်လိုက်၏။
''ပြော ဂျယ်မင်း''
''ငါရောက်နေပီ အခန်းတံခါးလာဖွင့်ပေးအုံး"
''အေး''
ပြောပီး ဖုန်းချလိုက်သည်။နောက် တံခါးသွားဖွင့်လိုက်တော့ ဂျယ်မင်းမှာအထုပ်များကိုကိုင်ကာဝင်လာတော့သည်။
''ဖုန်းခေါ်နေသေးတယ် သော့ရှိနေတာကိုများ''
ဟယ်ချန်းဂျယ်မင်းလက်ထဲကအထုပ်များကိုကိုင်ပေးရမဲ့အစား မှန်ရှေ့ကိုသွားကာဆံပင်ပုံသွင်းနေလိုက်၏။ကျောင်းတတ်နေတဲ့အတော့အတွင်း ဒီလိုတွေကဖြစ်နေကြပင်။
''ကူတောင်ကိုင်ပေးမယ်မရှိဘူး အေးကြည့်ထားငါမေမေ့
ထည့်ပေးလိုက်တဲ့မုန့်တွေအကျွေးဘူး''ဂျယ်မင်းစိတ်ဆိုးစွာပြောလိုက်တော့ တကောင်သားကတစ်
ဟားဟား ထရယ်တော့၏။''မင်းမကျွေးတော့ ငါကအန်တီကိုဖုန်းဆက်ပီးပြန်ပြောပြလိုက်မှာပေါ့ ဟားဟား''
ဟယ်ချန်း သူတပ်နေကျ ပါဝါမျက်မှန်လေးကိုတပ်ကာအနိုင်ပိုင်းလိုက်၏။ဂျယ်မင်းအမေ့ဟာသူကိုဆိုဂျယ်မင်းထက်တောင်ပိုအလိုလိုက်သောကြောင့် ထိုသို့ပြောလိုက်ခြင်းသာ။အဲ့လိုအနိုင်ပိုင်းတိုင်း ဂျယ်မင်းတို့ဟယ်ချန်းကိုစိတ်မဆိုးတဲ့အချိန်ဆိုဒါမရှိသလောက်ပင်။
''ခွေးကောင်လေး''
ဂျယ်မင်းသူခုံတင်ပေါ်ကခေါင်းအုံးနဲ့လှမ်းပေါက်လိုက်၏။
''ငါဆံပင်ပုံပျက်ရင် မင်းကိုသတ်မှာ''
ပြောပီးတာနဲ့ ဟယ်ချန်းမှန်နားကိုပြန်သွားကာ သူဆံပင်အုပ်အုပ်လေးကိုပြန်ကြည့်နေသည်။
''နေ့တိုင်းဒီပုံစံဘဲကိုပြန်ပြင်နေသေးတယ် ''
ဂျယ်မင်းပြောတော့ဟယ်ချန်းဘာမှတော့မပြောသူကိုယ့်သူသာကြည့်နေပီး အဆင်ပြေတော့မှဂျယ်မင်းဖက်လှည့်ကာပြောလာတော့သည်။
''လာပါကွာ သွားရအောင်ဂျယ်မင်းငါတို့ကျောင်းနောက်ကျနေအုံးမယ်''

YOU ARE READING
𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆
Historia Cortaမင်းက အေးစက်စက်ကိုယ့်နှလုံးသားလေးထဲ ရုတ်တရက်ကျရောက်လာတဲ့ နေရောင်ခြည်လေးပါ ဟယ်ချန်း။ ဒါပေမဲ့ ဘာကြောင့်ကိုယ့်တို့နှစ်ယောက်ရဲ့ ကမ္ဘာ့လေးထဲကနေခွဲထွက်သွားရတာလည်း ......ဘာကြောင့်လည်း.......