ဒီနေ့တော့အဆောင်ပြန်တဲ့လမ်းတစ်လျှောက်အရင်ကထက်ပိုလိုပင်တိတ်ဆိတ်နေသလို။သူ့အတွေးပင်မဆုံးသေး နောက်ကနေခြေသံကြားတာမို့လှည့်ကြည့်လိုက်တော့ လူသုံးယောက်သူနောက်ကနေထပ်ချပ်မကွာလိုက်လာဒါမို့ ခြေလမ်းတွေကိုပိုမိုတင်ကာလျှောက်လာလိုက်သည်။*ဘာလဲ ခါးပိုတ်နိုတ်တွေလား*ညအမှောင်ထုကလည်းလူကိုပိုခြောက်လှန့်နေသလိုပင်။''ဟိတ် အရှေ့ကတစ်ယောက်!!!''
အနောက်ကနေ သူကိုခေါ်သံကြားလိုက်တော့ လူက
အကြောက်လွန်သူပီပီ ကိုယ့်နဲ့အတူပါလာတဲ့လွယ်အိပ်ကြိုးလေးကိုလက်ကလေးနဲ့တည်းနေအောင်ကိုင်က အပြေးတစ်ပိုင်းလျှောက်နေတော့၏။ကျွီးးး!!!
ထိုအချိန်တွင်သူရှေ့သို့ဆိုင်ကယ်တစ်စီးထိုးရပ်သွားတော့နောက်မှလိုက်လာသူများကလည်းလာရာလမ်းအတိုင်းအမြန်
ပြန်လှည့်သွားတော့သည်။တော်သေးဒါပေါ့...... မဟုတ်ရင်တော့ သူတစ်ယောက်ထဲမတွေးရဲ့စရာ။''ရပီ သူတို့မရှိတော့ဘူး''
ဟယ်ချန်းလည်းဆိုင်ကယ်ပေါ်ကလူရဲ့အသံကြားမှတက်ထားတဲ့မျက်မှန်လေးကိုတချက်ပင့်ကာမော့ကြည့်လိုက်သည်။သို့သော်ထိုသူမှာhelmetဆောင်းထားသောကြောင့်ရုပ်ကိုတော့မမြင်ရပေ။
''ကျေး.... ကျေးဇူးပါ ''
သူကျေးဇူးတင်စကားပြောလိုက်တော့ခပ်ပြတ်ပြတ်အသံနဲ့*မလိုဘူး*လို့ပြောလာ၏။
''အဆင်ပြေရင် သွားပီနောက်လည်းဂရုစိုက်သွားပါ
ယောကျာ်းလေးဆိုပီးဘာမှမလုပ်ဘူး မထင်နဲ့''ထို့သို့ပြောပြီး ထို့သူသည်ဆိုင်ကယ်နှင့်ဟယ်ချန်းရှေ့မှမောင်းထွက်သွားတော့သည်။ဟယ်ချန်းလည်းသူ့ရှေ့ကမောင်းထွက်သွားပီဖြစ်တဲ့ဆိုင်ကယ်ကိုကြည့်ကာ သက်ပြင်းချမိသည်။ဒီနေ့မှ ဂျယ်မင်းတို့အိမ်မှာအရေးကြီးကိစ္စရှိတယ်ဆိုလို့သူတစ်ယောက်ထဲပြန်လာရခြင်းသာ။ဟယ်ချန်းဒီလိုဖြစ်တာကျောင်းတတ်နေတဲ့အတောအတွင်းပထမဦးဆုံးပင်။
''နောက်တစ်ခါ တစ်ယောက်ထဲအဆောင်ကိုပြန်မလာတော့ဘူး''
ဟယ်ချန်းတစ်ယောက်ခပ်တိုးတိုးရေရွတ်ကာအဆောင်ကိုပြန်လာလိုက်တော့သည်။

YOU ARE READING
𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆
Short Storyမင်းက အေးစက်စက်ကိုယ့်နှလုံးသားလေးထဲ ရုတ်တရက်ကျရောက်လာတဲ့ နေရောင်ခြည်လေးပါ ဟယ်ချန်း။ ဒါပေမဲ့ ဘာကြောင့်ကိုယ့်တို့နှစ်ယောက်ရဲ့ ကမ္ဘာ့လေးထဲကနေခွဲထွက်သွားရတာလည်း ......ဘာကြောင့်လည်း.......