12

190 20 0
                                    


ဂျယ်မင်းတို့သုံးယောက်သားဂျဲနိုကခနနေလာခေါ်မယ်လို့ဖုန်းဆက်သောကြောင့်သုံးယောက်သားဖုန်းသုံးရင်း သာထိုင်စောင့်နေလိုက်သည်။ခနအကြာအဆောင်ရှေ့ ဂျဲနိုကားသံကြားတာမို့ထွက်လာကြသည်။

''ဂျယ်မင်းကရှေ့မှာလာထိုင်လေ''

ဂျယ်မင်းနောက်မှာထိုင်ဖို့လုပ်တော့ စီနီယာဂျဲနိုကအရှေ့မှာလာထိုင်ရန်ပြောတာမို့ရှေ့ခုံမှာသာဝင်ထိုင်လိုက်သည်။ဟယ်ချန်းက နှာခေါင်းကိုတစ်ချက် ရှုံ့ကာChenleနားကိုကပ်၍ပြောလိုက်သည်။

''ဂျယ်မင်းကငြင်းမယ်တောင်မရှိဘူး တန်းသွားထိုင်တာဘဲ''

''ဟား ဟယ်ချန်းရယ်''

ကလေးလည်းမဟုတ်ဘဲChanleနားတိုးကပ်ကာပြောနေတဲ့ဟယ်ချန်းပုံစံလေးဟာအလွန်ချစ်စရာကောင်းသည်။နောက်ကနှစ်ယောက်ကိုမေ့ကာ နှစ်ယောက်ထဲရှိနေသလိုစကားများပြောနေကြသူများလည်းရှိသည်။ထိုကားလေးရဲ့အနောက်ကလူနှစ်ယောက်ကလည်းအတွေးကိုယ့်စဥ်နဲ့သာ။

ဟယ်ချန်းတို့သုံးယောက် စီနီယာဂျဲနိုCondoရောက်တော့မအံသြဘဲမနေနိုင်တော့။လူချမ်းသာမိသားစုအသိုင်းဝိုင်းကဆိုတာပေါ်လွှန်လှသည်။ဧည့်ခန်းဆိုတာကလည်းသူ့တို့နေတဲ့အဆောင်ခန်းထက်တောင်ကျယ်သေးသည်။နောက်ပြီးဟယ်ချန်းသိသလောက်တော့ဂျဲနိုတို့သူငယ်ချင်းနှစ်ယောက်နဲ့ဂျီဆောင်းတို့ဟာ ကိုရီးယားရဲ့အချမ်းသာဆုံးမိသားစုများကဆိုတာပင်။

ဟယ်ချန်းတို့သုံးယောက်ကို စီနီယာဂျဲနိုကဧည့်ခန်းထဲမှာခနထိုင်နေအုံးဟုဆို၍ပြောကာ သူအခန်းထဲသို့ဝင်သွားသည်။

''ဂျယ်မင်း.....မင်းနဲ့စီနီယာဂျဲနိုကြိုက်သွားရင်ကောင်းမှာဘဲနော်''

ဟယ်ချန်းပြောလိုက် ဂျယ်မင်းကဟယ်ချန်းမလွယ်ဖူးလို့ဆိုကာပြောလိုက်သည်။Chenleကတော့ ငြိမ်၍သာသူတို့ပြောနေတာများကိုနားထောင်နေတော့သည်။ခနအကြာ......စီနီယာဂျဲနိုနဲ့အတူMarkhyungရယ်ဂျီဆောင်းရယ်ပါ ပါလာကြသည်။နောက်သူတို့နားသို့လာထိုင်ကြသည်။

''ဟော့ပေါ့ လုပ်စားဖို့ကပစ္စည်းတွေကမဝယ်ရသေးဘူး''

''ဟုတ်လား.....ဒီ၆ယောက်ထဲကနှစ်ယောက်ကသွားဝယ်လိုက်ရင်မကောင်းဘူးလား စီနီယာဂျဲနို''

𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆 Where stories live. Discover now