5

220 25 0
                                    


''အိမ်ပြန်လာသေးတယ်နော် Lee Mark''

အိမ်ထဲကိုဝင်ဝင်လာခြင်းMarkကိုစီးကြိုနေသောအဖေဖြစ်သူကြောင့်Markမျက်နှာပျက်သွားတော့သည်။နောက်မှမျက်နှာကိုပြန်ပြင်ကာဧည့်ခန်းမှာရှိနေတဲ့အဖေဖြစ်သူရဲ့မျက်နှာကိုကြည့်၍ပြောလိုက်သည်။

''ဒယ်ဒီလည်းထူးထူးဆန်းဆန်းအိမ်မှာရှိနေလို့ပါလား ဟက်''

အဖေနဲ့သားဆက်ဆံရေးဟာသူများတွေထင်သလိုတော့မရိုးရှင်းပေ။

''ကျွန်တော်လည်းပြန်လာချင်လို့မဟုတ်ပါဘူး ယူစရာလေးရှိလို့''

ထိုမျှသာပြောပြီးအိမ်အပေါ်ထပ်ကသူအခန်းဆီကိုတက်သွားလေသည်။Markရဲ့ဘဝဟာအများဒါကာလိုချင်ကြတဲ့ဘဝမျိုးပင်ဖြစ်သည်။သို့သော်သူမလိုချင်ပေ။သူချမ်းသာကြွယ်ဝမှုတွေကိုလည်းမလိုချင်၊စည်းစိမ်ဥစ္စာတွေကိုလည်းမမက်။သူလိုချင်တာဟာသူကိုချစ်ပေးဂရုစိုက်ပေးမဲ့သူကိုသာ။အဖေ့ဖြစ်သူကိုလည်းသူစိတ်နာသည်။ဇနီးဖြစ်သူဆုံးတာတစ်နှစ်မပြည့်သေးနောက်အိမ်ထောင်တစ်ခုကိုထူထောင်ဖြစ်သည်။
သို့သော်ဒီအိမ်မှာတော့မနေပေ။သူမနေခိုင်းတာဖြစ်၏။
မာမီရဲ့အမှတ်တရတွေနဲ့အငွေ့သက်တွေရှိနေတဲ့ဒီအိမ်မှာမနေရဟု Markအဖေဖြစ်သူကိုအပြတ်ပြောထားခြင်းကြောင့်သာ။လာချင်ရင်တောင် ဒယ်ဒီတစ်ယောက်သာလာရမည်ဟုပြောထားသည်။ထိုမိန်းမကိုတော့ ဒီအိမ်ရိပ်တောင်မပြောနဲ့ သူမျက်စိရှေ့တောင်ပေါ်မလာနဲ့လိုရှင်းအောင်ပြောပြီးသားပင်။

ခနအကြာအိမ်အ​ပေါ်တက်က​ေနေMarkသူ့ရဲ့ဂစ်တာလေးကိုကိုင်ဆောင်ကာ အောက်ထပ်သို့ဆင်းလာလေသည်။

''Mark condoမှာနေရတာအဆင်ပြေရဲ့လား''

''ပြေတာပေါ့ မာမီမရှိတော့​ကတည်းက ကျွန်တော်တစ်ယောက်ထဲနေတတ်နေပီလေ''

Markပြောလိုက်တော့အဖေ့ဖြစ်သူမှာမျက်နှာပျတ်သွားရ၏။

''ကျွန်တော်သွားလိုက်ပါအုံးမယ်''

ပြောပီးတာနဲ့အိမ်ထဲမှထွက်ကာသူဆိုင်ကယ်ပေါ်သို့တက်ပီးအိမ်ထဲမှမောင်းထွက်သွားတော့သည်။

Markဆိုင်ကယ်လေးအိမ်ထဲမှထွက်သွားတာနဲ့အဖေဖြစ်သိမှာ ဖုန်းနံပတ်တစ်ခုကိုနိုပ်ကာခေါ်လိုက်သည်။

𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆 Where stories live. Discover now