အခုCanteenမှာMarkတို့အဖွဲ့ကျနေတာဖြစ်သည်။Markမသိသေးတာက ဂျီဆောင်းကဟယ်ချန်းတို့အ့ဖွဲထဲကတရုတ်လေးကိုလိုက်နေတာကိုပင်။ဒီရက်ပိုင်းသူလည်းဟယ်ချန်းတစ်ယောက်ကိုသာစိတ်ထဲမှာရှိနေသည်မို့ ဂျဲနိုနဲ့ဂျီဆောင်းဘာတွေဖြစ်နေကြလည်းဆိုတာသူမသိရချေ။သို့သော်ဂျီဆောင်းအကြောင်းများကိုဖောက်သယ်ချနေသောဂျဲနိုကြောင့်Markမှာရယ်ဘဲရယ်ရမလို၊သနားဘဲသနားရမလိုပင်။play boyလေးက ဒီတစ်ခါတော့ထိုတရုတ်လေးငြင်းတာကိုအလူးအလဲခံနေရသောကြောင့် သူ့တို့ကိုပါမခံမရပ်နိုင်ဖြစ်ကာ ရင်ဖွင့်လာပေသည်။
''ဘယ်လို့လုပ်ရမလဲ hyung''
ဂျီဆောင်းစိတ်ညည်းညူစွာမေးတော့ Markကခါးကိုဟန်ပါပါမတ်ကာ ရယ်ချင်နေသောရုပ်ကိုတည်ကာပြောလာ၏။
''ဒါတော့ငါလည်းမသိဘူး ဂျီဆောင်း၊မင်းလိုရည်းစားကိုထည်လည်းတွဲလာတဲ့လူကငါထပ်အတွေ့အကြုံပိုရှိမယ်ထင်တယ်''
Marrk မျက်နှာတည်ကြီးနဲ့.....သူတို့အငယ်ဆုံးလေးကို'စ'နေပေ
သည်။Markနဲ့ဂျဲနိုတို့နှစ်ယောက်လုံးက ဂျီးဆောင်ကိုညီလေးတစ်ယောက်လိုချစ်လည်းချစ်သလိုအရမ်းလည်းအလိုလိုက်ပြီးအကြိုက်ဆောင်သည်။ငယ်ငယ်ကတည်းက မိသားစုချင်းခင်မင်မှုကနေသိလာကြပေမဲ့ သူတို့နှစ်ယောက်လုံးကဂျီဆောင်းကိုသူငယ်ချင်းတွေလိုသာပေါင်းဖြစ်၏။''hyungတို့ကလည်း အဲ့တာကသူတို့ကလာကြိုက်လို့ကျွန်တော်ကပြန်တွဲပေးလိုက်ယုံဘဲလေ''
ဂျီဆောင်းစကားကြောင့် ဂျဲနိုကနှုတ်ခမ်းကိုတမင်မဲ့ချပစ်သည်။ဘယ်တုန်းကသူတို့ဂျီဆောင်းက သူတွဲဖူးတဲ့မိန်းကလေးတွေအပေါ်ဒီလိုတွေးပေးတတ်သွားတာလည်း မသိပေ။သူထားချင်ရင် နောက်တစ်ရက်တောင်မကူးရည်းစားကိထြားသည့်၊ဖြတ်ချင်ရင်လည်းအကြောင်းပြချက်ရေရေရာရာပေးကာဖြတ်လေ့မရှိပေ။ထို့ကြောင့် ဒီကျောင်းကမိန်းကလေးအချို့ ဂျီဆောင်းဆိုတာနဲ့ဝေးဝေးကချောင်ကြ၏။
''နောက်ပီး ဂျဲနို hyungကလည်းယုံကြည့်လို့ပြောပြထားတာကို အခုကျတော့ ဝိုင်းလှောင်နေကျတယ်ကျွန်တော်ကို''

YOU ARE READING
𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆
Короткий рассказမင်းက အေးစက်စက်ကိုယ့်နှလုံးသားလေးထဲ ရုတ်တရက်ကျရောက်လာတဲ့ နေရောင်ခြည်လေးပါ ဟယ်ချန်း။ ဒါပေမဲ့ ဘာကြောင့်ကိုယ့်တို့နှစ်ယောက်ရဲ့ ကမ္ဘာ့လေးထဲကနေခွဲထွက်သွားရတာလည်း ......ဘာကြောင့်လည်း.......