11

180 19 0
                                    

johnnyအတန်းထဲမဝင်ခင်အပြင်မှာခနရပ်နေရင်းပင် အတန်းထဲက ကလေးများစကားများနေကြသည်ကိုရပ်နားထိုင်နေလိုက်မိသည်။သူဝင်သွားရင်တော့ ထိုအသံစာစာလေးများဟာပျောက်သွားမည်သာ၊သူသည် စည်းကမ်းမတင်းကျပ်ပေမဲ့လို့
စာသင်ရာတွင်တော့ စည်းစနစ်ကျစွာသင်ပေးပြီး၊ရုပ်တည်သောဆရာတစ်ယောက်ဖြစ်သောကြောင့်၊အတန်းထဲကကျောင်းသူ၊ကျောင်းသားများက သူအတန်းဝင်ချိန်ဆိုအလွန်တိတ်ဆိတ်တတ်ကြသည်။ထိုပုံစံလေးများဟာလည်း သူအတွက့အမြဲလိုလိုချစ်စရာကောင်းသောအမူအကျင့်လေးပင်။
နောက်ပြီးဒီနေ့ကလေးတွေကို သူပြောစရာလေးလည်းရှိသည်။

သူထင်ထားတဲ့အတိုင်းပင်၊ သူအတန်းထဲဝင်လိုက်တာနဲ့အစောတုန်းကနဲ့မတူစွာအတန်းကရုပ်ချည်း တိတ်ဆိတ်သွားတော့သည်။တချိန်တည်းမှာဘဲ johnnyပြုံးလိုက်မိ၏။johnnyချောင်းတစ်ချက်ဟန့်ကာ စာသင်ခုံလေးကိုလက်နဲ့နှစ်ချက်လောက်ရိုက်လိုက်ပြီး စကားစလိုက်၏။

''ကယ်ဒီနေ့ဆရာတို့စာမသင်ခင် ပြောစရာရှိတယ် ဂရုတစိုက်နားထောင်ပေးကြ''

ထိုသို့ပြောလိုက်တော့ အကုန်လုံးကသူ့တို့ဆရာပြောမဲ့စကားကိုသာ သေချာစွာနားထောင်ကြလေသည်။johnnyမှာအခန်းထဲက ကလေးများငြိမ်သွားမှ အပြင်မှာရှိနေဆဲဖစ်တဲ့ ဂျဲနိုတို့အဖွဲကိုဝင်ခိုင်းလိုက်သည်။

''ဂျဲနို...မင်းတို့အတန်းထဲဝင်ခဲ့ကြလေ''

စောစောကjohnnyနောက်ကလိုက်ပါလာကျတဲ့ ဂျဲနိုတို့အဖွဲ့ကလည်း ဂျူနီယာအတန်းထဲသို့ဝင်လာကြသည်။ထိုဂျဲနိုတို့အဖွဲ့ကလည်း မနှစ်ကသူရဲ့တပည့်လေးတွေပင်။မိသားစုအသိုင်းအဝိုင်းက ပြောစရာမရှိအောင်ချမ်းသာကြပေမဲ့ ထိုကလေးတွေကပျင်စီးတဲ့အထဲမပါဘဲ လူတော်လေးတွေဖြစ်သည်။နောက်ပြီး ထိုဂျဲနိုတို့အဖွဲ့ကသူရဲ့အားကိုးရာ တပည့်လေးတွေဆိုလည်းမမှားပေ။

''ဂျဲနိုတို့လည်းလာပီဆိုတော့ ပြောမယ်နော်....အခုဆရာအတန်းထဲက ကျောင်းသူ၊ကျောင်းသားတွေအတွက် လေ့လာရေးခရီးတစ်ခုစီစဥ်ထားတယ်''

johnny​ပြောလိုက်သည်နှင့် အတန်းလုံးအပျော်လွန်ကာထအော်ကြပေသည်။စာမသင်ရရင် ကျောင်းသူ၊ကျောင်းသားများအတွက်အပျော်ရွှင်ရဆုံးအချိန်ပင်။

𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆 Where stories live. Discover now