3

178 23 0
                                    


ဂျယ်မင်းတို့Canteenကိုရောက်တော့ဘာစားရမလဲမသိတာမို့
သုံးယောက်သားလမ်းလျှောက်နေမိ၏။ဟယ်ချန်းကတော့မရတော့ဗိုက်အရမ်းဆာနေပီမို့အမြန်စားချင်နေတော့သည်။

''ဂျယ်မင်း ငါဗိုက်ကလေးအရမ်းဆာနေပီ''

''စားလေမင်းကြိုက်တာ''

''ပီးရောငါဘာငါဘဲသွားယူလိုက်တော့မယ် မင်းတို့ကတော့ထိုင်နေကျခုံမှာစောင့်နေလိုက်တော့''

''အွန်းပါ Chenleရောလိုက်သွားလိုက်လေ ငါကတော့ဒီရောက်မှစားချင်စိတ်မရှိတော့လို့''

''တော်ပီ ငါမလိုက်တော့ဘူး''

''ဪခန ဟယ်ချန်းငါအတွက် Americanoလေးတစ်ခွက်လောက်ဝယ်ပေးခဲ့လိုက်''

''အေးပါ ခိုင်းလို့ရတုန်းခိုင်းထားပေါ့''

ဟယ်ချန်းပြောတော့ဂျယ်မင်းသွား၃၂ချောင်းပေါ်အောင်ရယ်ပြလာ၏။

''ပီးရော ငါသွားပီ''

ဟယ်ချန်းလည်းဂျယ်မင်းတို့နဲ့လူစုခွဲကာတစ်ယောက်ထဲ
မုန့်စျေးတန်းမှာမုန့်ရွေးနေလိုက်၏။မုန့်ရွေးနေရင်းသူအကြိုက်ဆုံးမုန့်Choco ball ကတစ်ခုဘဲကျန်တာမို့သူလည်းလူအရမ်းရှုပ်တော့အမြန်ရရန်လှမ်းအယူ၊သူဘေးကလူကထိုမုန့်ကိုယူလိုက်တာမို့သူနည်းနည်းဝမ်းနည်းသွားရသည်။

''ငါအမြန်ယူတာကို''

ဟယ်ချန်းသူကိုသူဝမ်းနည်းစွာပြန်ရေရွတ်မိ၏။

''ဒီမုန့်ကိုလိုချင်လို့လား''

သူဘေးကလူကChoco ballမုန့်လေးကိုထောင်ပြကာမေးလာတာမို့သူခေါင်းညိမ့်ပြလိုက်သည်။

''လိုချင်ရင်ယူလိုက်လေ ကျွန်တော်လည်းသိပ်မကြိုက်ပါဘူး''

ဂျီဆောင်းသူအဲ့မုန့်ကိုယူလိုက်ထဲကသူဘေးနားကလူကိုသတိထားမိ၏။လက်ထဲမှာလည်းရွေးထားတဲ့မုန့်ကလူနဲ့တောင်မလိုက်တာကိုများ.....

''အွန်းလိုချင်တယ် ပေးလို့ရတယ်မလား''

''ရတယ် ရော့ယူလိုက်လေ''

ဂျီဆောင်းကမ်းပေးနေတုန်းရှိသေး သူလက်ထဲကမုန့်ကိုMark hyungကဆွဲယူသွားတာမို့ ဂျီဆောင်းကြောင်သွားရ၏။

𝑭𝒂𝒍𝒍 𝑰𝒏 𝑳𝒐𝒗𝒆 Where stories live. Discover now