ချာချာလည်နေတဲ့ရဟတ်တစ်ခုက အချိန်တန်ရင်ရပ်တန့်သွားနိုင်ပေမယ့် ကံကြမ္မာရဟတ်ကတော့ သေဆုံးချိန်ထိ ရပ်တန့်မဲ့ပုံမပေါ်ဘူး.......
တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း...ပြန်စမယ်
တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း......အဟက် သူနဲ့ငါ့ကြားမှာ ခြေသုံးလှမ်းစာ အကွာအဝေးပဲရှိနေခဲ့တာပဲ... မဟုတ်ဘူး အဝေးကြီးမှာရှိနေခဲ့တာ လူနှစ်ယောက်က ခြေသုံးလှမ်းအကွာမှာရှိနေခဲ့ပေမယ့် စိတ်တွေကတော့ အဝေးကြီးမှာရှိနေခဲ့တာ ဟိုးအဝေးဆုံးမှာ ငါလိုက်မမှီနိုင်တဲ့အဝေးဆုံးမှာ အစကတည်းကလိုက်မှီဖို့မကြိုးစားခဲ့တော့ ဟိုးအဝေးဆုံးကို ရောက်သွားခဲ့တာ.......ပါးပြင်မှာမျက်ရည်တွေစီးကျနေပေမယ့် နှုတ်ခမ်းတွေတစက်စက်တုန်ရီနေပေမယ့် လှမ်းမခေါ်ဖြစ်ခဲ့ဘူး ရင်ဘတ်ကြီးတစ်ခုလုံးစုတ်ပျက်နေပါစေ နှုတ်ဖျားတွေက ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး နောက်ပြန်လှည့်ကြည့်မလာတဲ့သူအတွက် မြတ်နိုးချင်းပန်းပွင့်တွေကို ရင်ဘတ်ထဲမှာပဲမြှုပ်နှံလိုက်မယ် အလှပဆုံးလက်တွေနောက်မှာ ရည်ရွယ်ချက်အပြည့်နဲ့သွေးထားတဲ့ ဓားတစ်ချောင်းရှိမယ်လို့ မထင်ခဲ့မိတာ အမိုက်မဲဆုံးပဲမလား အဟက်...ကိုယ်တိုင်ပေးခဲ့တဲ့ဓားဆိုတော့လည်း အလှပဆုံးအဆုံးသတ်ယုံပေါ့.......
"Bui......"
"မကြောက်နဲ့နော် Ble.....ဒီမှာရှိတယ် Buiဒီမှာရှိတယ်"
"မဟုတ်ဘူး......"
"ဟားဟားဟား......ရှူး....Buiညင်သာမှာပါ"
"Bui....မလုပ်နဲ့....."
"ငါက လွန်ခဲ့တဲ့ဆယ်နှစ်က ခပ်ညံ့ညံ့ကောင်လေးမဟုတ်တော့ဘူး Ble......"
လွန်ခဲ့တဲ့ဆယ်နှစ်......
ဟုတ်တယ် လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက Buiကသိပ်နူးညံ့ခဲ့တဲ့ကောင်ငယ်လေးတစ်ယောက်ပဲ စာသင်ခန်းရဲ့ထောင်စွန်းကခုံလေးမှာ ပုံတွေကိုပဲထိုင်ဆွဲနေတတ်တဲ့ကောင်ငယ်လေး မှိုကေလုံးလုံးလေးနဲ့ ကောင်လေးကသိပ်ကိုဖြူစင်ခဲ့တာ နှစ်လယ်လောက်မှာ ကျောင်းပြောင်းလာခဲ့တဲ့ကျွန်တော်က နောက်ဆုံးခုံကအဖြူလုံးလေးကို အရင်ဆုံးမျက်မှန်းတန်းမိခဲ့တာပဲ စာသင်ချိန်တွေအပြီး ကျောင်းဆင်းချိန်မှာ မှိုလုံးလေးလာပေးတဲ့ ပုံတူပန်းချီစာရွက်ကလေးက ကျွန်တော်တို့နှစ်ယောက်စရင်နှီးဖို့ အကြောင်းပြချက်တစ်ခုအဖြစ်ရောက်လာခဲ့တယ်.......
YOU ARE READING
မှားယွင်းသော ( One Shot Collections )
Fanfictionပုစ္ဆာတစ်ပုဒ်မှာ ဘယ်နေရာက စမှားခဲ့တာလဲဆိုတာ ပြန်တဲ့စစ်သူသာသိနိုင်တယ်..... စွန်းသွားပြီးသားမှင်တွေကို ပြန်ဆေးကြောဖို့အတွက် မင်းရောငါရော မလုပ်နိုင်ခဲ့ဘူး........