You Are My Slave (2) 🚨🔞

251 16 16
                                    

" Congratulations မဒမ် နောက်ဆုံးတော့ မဒမ်ရဲ့ဆန္ဒလေးပြည့်သွားခဲ့ပြီပေါ့ သားဗြူကိုအိမ်ထောင်ချပေးနိုင်ခဲ့ပြီလေ"

"ဟုတ်ပါ့ရှင် ခုမှပဲစိတ်အေးရတော့တယ်"

"သားမတ်အချောလေးကို ဘယ်ကရှာတွေ့လာတာလဲ ယဉ်ယဉ်ကျေးကျေးနဲ့ တကယ့်ကိုလူကောင်းလေးရယ်"

"ဒီလိုပဲလေ ရေစက်တွေပါတော့လည်း တွေ့ရတာပေါ့ ဟင်းဟင်း"

"ကံကောင်းလိုက်တာနော်"

"ဟုတ်ပါရဲ့ရှင် ကဲကဲ သုံးဆောင်ကြအုံးနော် ကျွန်မဟိုဘက်ဝိုင်းသွားဧည့်ခံလိုက်အုံးမယ်"

လက်ထပ်ပွဲကိုမလုပ်ချင်လှပါဘူးဆိုတဲ့သားတော်မောင်က ရုတ်တရက်ဖုန်းဆက်ပြီး လက်ထပ်ပွဲ‌ကို ဒီရက်ပိုင်းအတွင်းဖြစ်အောင်လုပ်ပေးဆိုလို့ မဖြစ်ဖြစ်အောင်စီစဉ်လိုက်ရတယ် ရုတ်တရက်စိတ်ကူးပြောင်းသွားတဲ့သားကို ဘာလို့လဲဆိုတာတော့မမေးတော့ပါ အဓိကက ဒီလက်ထပ်ပွဲဖြစ်သွားဖို့ပဲလေ

တစ်ဖက်မှာ ဝမ်းမြောက်ဝမ်းသာနဲ့ လိုက်ဧည့်ခံနေတဲ့မိခင်တစ်ယောက်ရှိသလို စင်ပေါ်ကနေတစ်ဖဝါးမှမခွာဘဲ မိန့်မိန့်ကြီးထိုင်ပြီး လာနှုတ်ဆက်တာကိုပဲ ထိုင်စောင့်ရင်း တီးတိုးတီးတိုးနဲ့ရန်သတ်နေတဲ့ စုံတွဲတစ်တွဲလည်းရှိတယ်

"ဗြူထလို့...ဟိုမှာ ဧည့်သည်တွေ လိုက်ဧည့်ခံရမယ်လေလို့"

"မထနိုင်ပါဘူး သူတို့နှုတ်ဆတ်ချင်ရင် လာနှုတ်ဆတ်ပါ့လား ငါတို့ကဘာလို့တစ်ဝိုင်းချင်းခြေညောင်းခံပြီးလိုက်ဧည့်ခံရမှာလဲ ဖိတ်လည်းဖိတ်ထားရသေး ကျွေးလည်းကျွေးထားရသေးတယ် တော်ပြီပေါ့"

"မင်းကလည်းကွာ~~"

သူ့ခေါ်လို့မရတာကြောင့် တစ်ယောက်ထဲလိုက်ဧည့်ခံဖို့ မက်တပ်ထရပ်လိုက်တယ် အားနာစရာကောင်းလွန်းနေပြီလေ ဘယ်မင်္ဂလာပွဲမှာ ဒီလိုလုပ်လို့လဲ တကယ်ပါပဲ အလိုလိုက်ခံထားရတဲ့ သခင်လေးကတော့ တကယ်ကိုဆိုးသွမ်းနေတော့တာပဲ

"ဘာထလုပ်တာလဲ ထပ်ပြောမယ် ငါလည်းမထသလို မင်းလည်းထမသွားရဘူး ဆက်ထိုင်နေ"

"မထိုင်ပါဘူး မင်းဘာမင်းနေခဲ့လေ"

"ထိုင်နေလို့ပြောနေတယ်လေ ဘိုင်ဘယ် !!"

မှားယွင်းသော ( One Shot Collections )Where stories live. Discover now