The Sunrise Is Beautiful, Isn't It?

160 18 2
                                    

လူတစ်ယောက်ဟာ ဘဝမှာ လူပေါင်းများစွာပစ္စည်းပေါင်းများစွာနဲ့ ဝင်တိုက်နိုင်တယ် ကျွန်တော်ကတော့ အချစ်နဲ့ဝင်တိုက်မိခဲ့တာဗျ ဘုတ်ဆိုတဲ့အသံလေးက ကျွန်တော့်လက်ထဲကစာအုပ်ပြုတ်ကျသွားလို့မည်တဲ့အသံမဟုတ်တာကို ကျွန်တော်မော့ကြည့်လိုက်မှ သိလိုက်ရတာဗျ တကယ်က ကျွန်တော့်နှလုံးသားလေးပြုတ်ကျသွားခဲ့တာ ကျွန်တော့်ရှေ့က မျက်ဝန်းညိုညို နှာတံမြင့်မြင့် နှုတ်ခမ်းပါးပါးလေးနဲ့လူဆီကို ကျွန်တော့်နှလုံးသားလေးက ဒိုင်ပင်ထိုးဆင်းသွားတာ

"ဟို.....တောင်းပန်ပါတယ်နော်"

"မဟုတ်...ရပါတယ် ကျွန်တော်လမ်းကိုသေချာကြည့်မသွားလို့ဖြစ်တာပါ"

"ဟုတ် ရပါတယ် ဘယ်နားခိုင်းမိသွားသေးလဲဟင် Biuဘာလုပ်ပေးရမလဲ"

"မခိုင်းမိပါဘူး ဒါနဲ့ ခင်ဗျားက မျက်စိမမြင်ရဘူးလား"

"အင်း"

ကျွန်တော်အစကမထင်ခဲ့ဘူး နောက်မှ စမ်းတဝါးဝါးနဲ့လိုက်စမ်းပြီး မေးနေတဲ့သူ့အပြုအမူကြောင့်ဘကျွန်တော်ခန့်မှန်းမိလိုက်တာ အဖော်လဲမပါဘဲ တစ်ယောက်ထဲခုလိုလျှောက်သွားတာ အန္တရာယ်မများလွန်းဘူးလား အချစ်ရယ်......

"တစ်ယောက်ထဲခုလိုသွားလာနေတာ အန္တရာယ်မများဘူးလား ဘာလို့အဖော်လေးဘာလေးခေါ်မလာရတာလဲဗျာ"

"Biuတစ်ယောက်တည်းပဲနေတာ နေသားကျနေပြီးသား Biuအတွက်အဖော်မလိုပါဘူး"

"ကျစ်...မဟုတ်ဘူးလေဗျာ ကဲပါ ခင်ဗျားဘယ်မှာနေလဲပြော ကျွန်တော်လိုက်ပို့မယ်"

"ရပါတယ် ဒီတိုင်းတည့်တည့်လျှောက်လိုက်ရုံပဲ လမ်းအဆုံးက အိမ်ပြာလေးမှာနေတာ"

"ကျွန်တော်လိုက်ပို့မယ်"

အဲ့နေ့က ကျွန်တော့်နှလုံးသားလေးရဲ့ စေခိုင်းချက်အရ ကျွန်တော်အချစ်ကိုအိမ်ပြန်လိုက်ပို့ဖြစ်ခဲ့တယ် အိမ်ပြန်လိုက်ပို့ရုံတင်မကဘဲ အချစ်ဆီကအကူအညီတောင်းကာ အချစ်ရဲ့အိမ်မှာပဲနေဖို့ဖြစ်လာခဲ့တယ် အခုမှ တောင်ပေါ်မြို့လေးကိုပြောင်းလာတဲ့ကျွန်တော့်အတွက် အချစ်ကလေးရဲ့အိမ်လေးက အကောင်းဆုံးနားခိုရာလေးပဲ ဪ အချစ်ဆိုတာ Biuကို ကျွန်တော့်စိတ်ထဲက ကြိတ်ခေါ်ရတဲ့နာမ်စားကလေးနော် ထုတ်တော့မခေါ်ရဲဘူး ကာယကံရှင်လေးငြိုငြင်မှာစိုးလို့ ကျွန်တော် အချစ်ဆီ စရောက်ရောက်ခြင်းမှာ ထူးခြားတဲ့အရာတွေကိုတွေ့လိုက်ရတယ် အချစ်ရဲ့မီးဖိုချောင်မှာ ခေါက်ဆွဲခြောက်ထုပ်တွေအပြည့်မို့ ဒါတွေပဲစားတာလားမေးကြည့်တော့ "Biuကတခြားဘာလုပ်စားနိုင်အုံးမှာလဲ ပြီးတော့ Biuအတွက် ဘာမှမလိုဘူး ဗိုက်ဝရင်ရပြီ"တဲ့ ဒါတင်မကဘူး ဧည့်ခန်း ၊ မီးဖိုချောင် ၊ အိပ်ခန်း နေရာတိုင်းပဲ အကိုက်ခဲပျောက်ဆေးဘူးတွေရှိတယ်  ကျွန်တော်ကမေးမိတော့ "Bible မင်းကသိပ်စပ်စုတာပဲ"တဲ့ အဲ့ဒါပဲကြည့်လေ ကျွန်တော်က စိတ်ပူလို့မေးတာကို အချစ်ကနားမလည်ဘူး ကျွန်တော်ကလည်း ပြန်ပြောလိုက်ချင်သေးရဲ့ အချစ်ကသိပ်သူစိမ်းဆန်တာပဲလို့လေ.......

မှားယွင်းသော ( One Shot Collections )Where stories live. Discover now