Blind Date With An Angel

120 17 24
                                    

(A/N. ဒီ ficလေးက စိတ်ကူးယဉ်သပ်သပ်ဖြစ်ပြီး ဟာသသဘောမျိုးလေးမို့ သဘာဝတရားနဲ့သွေဖယ်နေသလို လက်တွေ့ကျမှာလည်းမဟုတ်ပါဘူး အပျော်သဘောပဲဖတ်ပေးကြပါနော်)

ညဘက် ထိန်ထိန်သာနေတဲ့လမင်းကြီးကို အထီးကျန်စွာမော့ကြည့်နေမိတယ် ဘယ်တော့များမှ ရည်းစားရမှာလဲကွာ လောကကြီးကကြည့်ရက်လိုက်တာ ငါ့လိုချောချောလှလှလေးကျမှ singleဖြစ်နေတာ သုံးရက်တောင်ရှိပြီ ကြည့်ရင်းကြည့်ရင်းနဲ့ တောင်ဘက်နားက ကြယ်လေး‌တစ်လုံးကြွေကျလာတာကို Biuမြင်ဖြစ်အောင်မြင်လိုက်တယ်

"ဟေ့ ကြယ်ကြွေပြီ.....ဆုတောင်းပါတယ် ကျွန်တော် Build Jakapan Putthaကို ရည်းစားလေးတစ်ယောက်လောက်ပေးသနားပါ....."

တိန်.....

"ဟ ဘယ်ခွေးမသားငါ့ခေါင်းကို ခဲနဲ့ထုတာလဲကွ!!"

"အားးး သေပါပြီ မဆင်းချင်ပါဘူးဆို ဘိုးတော်က ကန်ချပြန်ပြီ သူ့မယားတွေက ငါ့လာရှိုးတာကို ဂျယ်လီနင်နေတာ"

"မင်း...မင်း ဘယ်သူလဲ ငါ့ကိုခဲနဲ့ထုတာမင်းလား"

"အာ့ဆို ငါပြုတ်ကျတာမင်းပေါ်ပေါ့ အားကျွတ်ကျွတ် ခါးတောင်နာသွားပြီ"

"မင်းဘာတွေပြောနေတာလဲ"

"ဟင်းးးး ငါက ကောင်းကင်က ကြယ်တာရာနတ်မင်းရဲ့ 945ယောက်မြောက်သားတော်ပဲ မင်းရဲ့ပူညံပူညံသံကြောင့် မင်းဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဘိုးတော်က လွှတ်လိုက်တာ တကယ်ဆို ငါ့တာဝန်လည်းမဟုတ်ဘဲ သပ်သပ်ငါ့ကို ပထုတ်ချင်လို့ ကန်ချတာ ချီးလိုပဲ"

"ဟေ့ အာ့ဆိုမင်းကရည်းစားငါ့ကိုရည်းစားရှာပေးမှာပေါ့ ဟုတ်လား"

"အင်း"

"ဟားဟား Build Jakapanတို့တော့ ရည်းစားရတော့မယ်ကွ ရေး!!!!"

"စိတ်လေပါတယ် ဘယ်လိုအရူးနဲ့လာတိုးနေလဲမသိဘူး"

"ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ"

"Bible Wichapas Sumettikul....."

"အော....."

Bibleဆိုတဲ့ နတ်မသားကို အိမ်ခေါ်ခဲ့ကာ မနက်ဖြန်ရည်းစားရှာဖို့အတွက် ပလန်ချတော့တယ် နတ်မသားက သူ့အစွမ်းနဲ့ရှာပေးမယ်ထင်နေတာ ဒင်းက ရည်းစားရှာတဲ့ applicationထဲကလူတွေကို listလုပ်နေလေရဲ့

မှားယွင်းသော ( One Shot Collections )Where stories live. Discover now