"ဒီမှာ ဒါကရေချိုးဖို့အတွက်နေရာ ရပြီလား ရရင်သွား...အင့်"
"မသွားပါနဲ့အုံး"
ထွက်သွားဖို့ပြင်နေတဲ့ ကျောပြင်သေးသေးလေးကိုဆွဲဖတ်ကာ ရင်ခွင်ထဲထည့်ထားလိုက်တယ် အနီးကပ်ရနေတဲ့ကိုယ်သင်းနံ့လေးကြောင့် စိတ်တွေအေးချမ်းသွားသလိုပဲ
"ဘာလုပ်တာလဲ လွှတ်ပါ"
"ကိုယ်မင်းကို ကိုယ့်အနားမှာပဲရှိစေချင်တယ်"
"ရူးနေလား ခင်ဗျားကဘုရင်မကြီးနဲ့လက်ဆက်ရမဲ့သူလေ လွှတ်"
"ဟင့်အင်းကိုယ်မလွှတ်ချင်ဘူး ကိုယ်သူ့ကိုလက်မထပ်ချင်ဘူး "
"လက်မထပ်ချင်လည်း နောက်ကျသွားပြီ ခင်ဗျားတို့ဇာတ်လမ်းထဲမှာဗြူ့ကိုလာမထည့်နဲ့ ဗြူ့မှာအသက်အပိုမပါဘူး အခုလွှတ်ပါ ခင်ဗျားခုလုပ်တဲ့လုပ်ရက်က ဗြူ့ကိုယ်ကျင့်သိက္ခာကိုထိပါးနေပြီ"
"ကိုယ်တောင်းပန်ပါတယ်ဗြူ ကိုယ်မရည်ရွယ်ပါဘူး"
ထွေးပိုက်ထားတဲ့ ခန္ဓာကိုယ်နွေးနွေးလေးကို လွှတ်ပေးလိုက်တယ် ဟုတ်တယ် သူအတင်းအကြပ်မလုပ်သင့်ဘူး အခန့်မသင့်လို့ ဗြူမုန်းသွားရင် သူခံနိုင်ရည်ရှိမှာမဟုတ်ဘူး
"ကိုယ်တောင်းပန်ပါတယ်ဗြူ လက်ထပ်ပွဲဆိုတာတိုင်းပြည်ရေးအရပါပဲ ကိုယ့်ဆန္ဒမပါဝင်တဲ့မလွဲမရှောင်သာအမိန့်တစ်ခုပါ မပြောသင့်တာသိပေမယ့် ကိုယ်...ကိုယ်ဗြူ့ကို ချစ်မိသွားခဲ့ပါတယ် ကိုယ်ခံစားချက်အစစ်အမှန်ပါ ဗြူယုံပေးစေချင်တယ်"
"........."
"ဗြူ...ဘာတွေတွေးနေတာလဲ ကိုယ့်ကိုစိတ်ဆိုးသွားတာလား"
"ဟမ်...မဟုတ်ပါဘူး ဘိုင်ဘယ်က ဗြူ့ကိုတကယ်ချစ်တာ သေချာလား"
ဘိုင်ဘယ့်ပုံခုံးပေါ် လက်ကလေးနှစ်ဖက်ကို ယှက်တင်ကာ မေးလိုက်တယ် ဘိုင်ဘယ့်ကိုသူစစတွေ့ကတည်းက ရင်ခုန်မိတာအမှန်ပဲ ဒီနေ့တွေ့ရသလောက်တော့ဘွားတော်ရဲ့မျက်လုံးမှာအချစ်ငွေ့တွေမြင်နေရတယ် အဲ့ဘွားတော်က မင်းသားကိုအတည်ကြီးချစ်မိသွားပုံပဲ ကစားနည်းလေးတစ်ခုကစားကြည့်မယ် တွေးကြည့်ရအောင် ဒီပွဲမှာအနိုင်ရမဲ့သူက ဘယ်သူဖြစ်လဲ ကိုယ်ချစ်တဲ့သူကို ကိုယ့်ဘဝထဲကဆွဲထုတ်ခံလိုက်ရတဲ့အခါ ဘယ်လောက်တောင်နာကျဉ်ခံစားရလဲဆိုတာ လက်တွေ့ပြပေးမယ်
YOU ARE READING
မှားယွင်းသော ( One Shot Collections )
Fanfictionပုစ္ဆာတစ်ပုဒ်မှာ ဘယ်နေရာက စမှားခဲ့တာလဲဆိုတာ ပြန်တဲ့စစ်သူသာသိနိုင်တယ်..... စွန်းသွားပြီးသားမှင်တွေကို ပြန်ဆေးကြောဖို့အတွက် မင်းရောငါရော မလုပ်နိုင်ခဲ့ဘူး........