မာဖီးယားရဲ့ မွေးစားသား

169 16 1
                                    

နာမည် - Bible Wichapas Sumettikul
အလုပ်အကိုင် - မျိုးရိုးမြင့်Mafiaတစ်ယောက်
ကိုယ်ရေးအချက်အလက် - အိမ်ထောင်မရှိ /အကြွေးနဲ့သိမ်းထားတဲ့ မွေးစားသားတစ်ယောက်ရှိတယ် သူ့နာမည်က Build Jakapan Puttha

ဗြူသူ့အိမ်ကိုရောက်လာတုန်းက ဆယ့်သုံးနှစ်သားလေးပဲရှိသေးတယ် ဘိုင်ဘယ်က အဲ့အချိန်မှာ ဆယ့်ရှစ်နှစ်နဲ့ ဒုစရိုက်လောကမှာ ဆရာတစ်ဆူဖြစ်နေပြီ ဘိုင်ဘယ်ဆယ့်ငါးနှစ်သားကတည်းက ဖခင်လုပ်ကြံခံရတာကြောင့် ဖခင်ရဲ့နေရာကို ဆက်ခံလာတာ အသက်ငယ်သေးလို့ဆိုပြီး ကန့်ကွက်တဲ့သူတွေအကုန်ပစ်သတ်လိုက်ပြီး ဒီလောကကို ဦးဆောင်လာခဲ့တယ် အသက်ငယ်ပေမယ့် ဘိုင်ဘယ်က ဖခင်ထက်ပိုပြီးထက်တာကြောင့် ဘိုင်ဘယ့်လက်ထပ်မှာ လုပ်ငန်းတွေအရင်ကထက်ပိုမိုတိုးတက်လာတယ်

လွန်ခဲ့သောခုနှစ်နှစ်........

"သခင်လေးကို ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကို ထပ်စောင့်ပေးလို့ရမလား"

"ဟ ကျုပ်သခင်လေးကခင်ဗျားကို လိုတာထက်ပိုပြီး အချိန်ပေးပြီးသွားပြီလေ ခင်ဗျားအခုချက်ချင်းပေးရင်ပေး မပေးရင် ခင်ဗျားအသက်ကိုနှုတ်ရလိမ့်မယ်"

"ကျွန်..ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုတော့မသတ်ပါနဲ့ ဟို..ဟို ကျွန်တော့်တူကို အကြွေးဆပ်တဲ့အနေနဲ့ပေးလိုက်ပါမယ် သူ့ကိုခေါ်သွားပါ"

ဘေးမှခေါင်းလေးငုံ့ပြီးထိုင်နေတဲ့ ကလေးလေးကို ဘိုင်ဘယ်တစ်ချက်ကြည့်လိုက်တယ် ဖြူဖွေးနေတဲ့အသားအရည်ကိုမှ အိုးမုတ်ခွက်ကေလေးနဲ့ တကယ်ကိုချစ်စရာကောင်းတယ် နှုတ်ခမ်းကို တင်းတင်းစေ့ထားတာကြောင့် ပေါ်နေတဲ့ပါးချိုင့်ခွက်ခွက်လေးတွေက တကယ့်ကိုနှစ်လိုဖွယ်ပင်

"ကောင်းပြီလေ....သူ့ကို စာချုပ်စာတမ်းနဲ့အပြီးပိုင်မွေးစားမယ်"

"ဟုတ်...ဟုတ်ကဲ့ပါ သခင်လေး ကျေးဇူးကြီးမားလှပါတယ်"

"ဂျွိုင်း...."

"ဟုတ်ကဲ့ သခင်လေး"

"သူ့ကိုမွေးစားဖို့ စာရွက်စာတမ်းတွေပြင်ဆင်လိုက်ပါ"

"ဟုတ်ကဲ့"

"ခင်ဗျားတို့နှုတ်ဆတ်ဖို့ အချိန်ငါးမိနစ်ပေးမယ်"

မှားယွင်းသော ( One Shot Collections )Where stories live. Discover now