I Love You But....(2)

106 13 27
                                    

ပြေးထွက်သွားတဲ့ ကျောပြင်လေးကိုကြည့်ပြီး ဘိုင်ဘယ့်ရင်ထဲလစ်ဟာသွားသလိုပင် အရေးကြီးဆုံး တစ်စုံတစ်ခုကိုဆုံးရှုံးလိုက်ရသလို ဘာခံစားချက်တွေလည်းနားမလည်တော့ပါ ဘယ်နေရာကစမှားခဲ့တာလဲ.......

"ဘိုင်ဘယ် အဆင်ပြေရဲ့လား"

"အင်း ကိုအဆင်ပြေပါတယ်မေ"

"သေချာရဲ့လား ဘိုင်ဘယ် မေ့ကိုမလိမ်ပါနဲ့ ဘိုင်ဘယ့်မျက်လုံးတွေက အဆင်မပြေနေမှန်း သိသာပါတယ် မေ့ကိုပွင့်ပွင့်လင်းလင်းပြောလို့ရတယ်ဘိုင်ဘယ် "

"ကို...ကို အဆင်မပြေဘူးမေ ကို့ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သွားသလို ခံစားရတယ် ကိုဘာတွေဖြစ်နေမှန်းမသိဘူး ဒါမဲ့ သူခုလိုဖြစ်သွားမြင်တော့ ကို...."

"ဘိုင်ဘယ်.....မေပြောပြမယ်နော် လောကမှာချစ်ခြင်းတွေအများကြီးရှိတယ် ဘိုင်ဘယ်သူ့ကိုဘယ်လိုအချစ်မျိုးနဲ့ချစ်လဲ သေချာစဉ်းစားပါ မေ့ကိုထည့်တွက်စရာမလိုဘူး မေအားလုံးကိုနားလည်တာမို့ မေနဲ့တွေ့တိုင်း အဲ့ကလေးအကြောင်းတွေတဖွဖွပြောပြတတ်တာ အဲ့ကလေးအကြောင်းပြောတိုင်း ဘိုင်ဘယ်မျက်နှာပြုံးရွှင်နေတာ စာသင်ချိန်မှာအာရုံနည်းနည်းလွတ်ရုံနဲ့ စာမရမှာစိုးပြီးအချိန်ပိုခေါ်သင်ပေးတတ်တာ အဲ့ကလေးနေမကောင်းလို့ သူစားချင်လောက်မဲ့စားစရာပတ်ရှာနေတာကြောင့် မေနဲ့ချိန်းထားတာတောင်နောက်ကျမှရောက်တတ်တာ အဲ့ဒါတွေအကုန်လုံးက တာဝန်အရပဲလားဘိုင်ဘယ် မေနဲ့ဘိုင်ဘယ်ကချစ်သူတွေဆိုပေမယ့် မေတို့ကြားကဆက်ဆံရေးကချစ်သူရည်းစားအနေနဲ့မဟုတ်ပါဘူး မေရောဘိုင်ဘယ်ရောက အေးချမ်းတဲ့ relationshipကိုလိုချင်လို့ တစ်ယောက်ကိုတစ်ယောက်ရွေးချယ်ခဲ့ကြတာ မေတို့ကြားမှာသမီးရည်းစားအချစ်ဆိုတာမရှိပါဘူး အဲ့ဒါကြောင့် မေဘိုင်ဘယ့်ကိုတောင်းဆိုချင်တယ် အဲ့ကလေးအပေါ်ထားတဲ့ဘိုင်ဘယ့်ခံစားချက်ကို သေချာအောင်စဉ်းစားပါ အဖြေရရင် မေ့ကိုဆက်သွယ်ပါ မေကဘိုင်ဘယ့်ကိုအမတစ်ယောက်အနေနဲ့ အကြံပေးတာပါ တစ်ခုတော့မေမှာချင်တယ် ဘိုင်ဘယ့်စိတ်ကိုမသေချာဘဲ အဲ့ကလေးနောက်လိုက်မသွားပါနဲ့ သူမေးတဲ့မေးခွန်းတွေကို ဘိုင်ဘယ်တွေဝေနေရင် အဲ့ကလေးပဲပိုနာကျဉ်ရမှာ မေအပြစ်ကင်းပြီးဖြူစင်တဲ့ကလေးတစ်ယောက်ခံစားရတာ မကြည့်ရက်ဘူး"

မှားယွင်းသော ( One Shot Collections )Where stories live. Discover now