You Are My Slave

153 18 13
                                    

"ဘာ....!!!!သားက ယောက်ျားလေးတစ်ယောက်ကို လက်ထပ်ရမယ်?? မဖြစ်နိုင်တာ"

"မဖြစ်နိုင်ဘူးဆိုတာမရှိဘူး သားဗြူ မယ့်ကဖြစ်စေချင်ရင် ဖြစ်ကိုဖြစ်ရမယ်"

"တောက်စ်.....!!!!"

ဝုန်း......!!!

ထိုင်ခုံကိုခြေထောက်နဲ့ပိတ်ကန်ထားခဲ့ပြီး ကားသော့ကိုယူကာထွက်လာလိုက်တယ် ခွန်မယ့်ရူးသွားပြီလား  ငါ့လိုလူကို ယောက်ျားလေးတစ်ယောက်နဲ့ပေးစားစရာလား ငါကကွေးနေတဲ့ပုံများပေါက်နေလို့လား အဟက်...မဖြစ်နိုင်တာ ငါတွဲခဲ့သမျှတိုင်းကလည်း မဒီလေးတွေကြည့်ပဲကို ဒါသပ်သပ်ငါ့ကိုကြပ်လွှတ်တာပဲ ကြည့်ကြသေးတာပေါ့ ငါ့ကိုယူရဲတဲ့ကောင်ကို ဘယ်လိုဆက်ဆံပြမလဲလို့ အဟွန်း.....

"ဟယ်လို ဒေးဗစ် ငါနဲ့လက်ထပ်ရမယ့်အကောင်အလုပ်လုပ်တဲ့ရုံးလိပ်စာနဲ့ သူ့နာမည်ကို အခုချက်ချင်းပို့ပေး"

*ဘိုင်ဘယ်ဝစ်ချာပက်စုမက်တီကွန် Diamond Company Third Floor*

Companyနာမည်ကိုကြည့်လိုက်ပြီး တစ်ချက်ပြုံးလိုက်မိတယ် ဒါက လတ်တလောတွဲနေတဲ့ မဒီလေးအလုပ်လုပ်တဲ့ကုမ္ပဏီပဲ တစ်ခါတစ်လေသူ့ကိုလိုက်ပို့ဖူးပေမယ့် အပေါ်ထိတော့မတတ်ဖူးဘူး ကားပါကင်မှာကားထိုးပြီး Third floorကိုတက်လာခဲ့လိုက်တယ်

"ဟယ်..ကိုကို တို့ကိုလာတွေ့တာလား"

"မဟုတ်ဘူး ဘိုင်ဘယ်ဆိုတဲ့တစ်ယောက်ကိုလာတွေ့တာ သူဘယ်မှာလဲ"

"ဟွန့် သူဒီနေ့ရုံးမလာဘူး"

"ဘာလို့လဲ"

"တို့လဲဘယ်သိမလဲလို့ နေပါအုံး ကိုကိုနဲ့သူနဲ့ကဘယ်လိုပက်သတ်လို့ ဒီထိလာတွေ့ရတာလဲ"

"စကားမများနဲ့"

"ကိုကို..ကိုကို!! ဟင့် အမြဲအဲ့လိုပဲ ကြင်ကြင်နာနာကိုမရှိဘူး "

စိတ်လေပါတယ် ဒင်းကရုံးဖွင့်ရက်ကို ရုံးမတက်ဘဲ ဘယ်တွေအလေလိုက်နေရတာလဲ နေကွာ ငါ့ဘာငါ မူကထသွားစားတာပဲကောင်းတယ် ဒီဆိုင်က ဗြူအမြဲလာစားဖြစ်တယ် ခါတိုင်းကညနေပိုင်းပဲအမြဲလာဖြစ်တာ နေ့လည်ပိုင်းလာဖူးတာ ဒါပထမဆုံးပဲ နေ့လည်ဆိုတာ တစ်နေ့တာရဲ့အပူပြင်းဆုံးအချိန်မို့ အတော်အသင့်အပြင်မထွက်ကြတော့ ဆိုင်ထဲမှာက လူအနည်းငယ်ပဲရှိလို့နေတယ် ပုံမှန်စားနေကြအတိုင်းမှာလိုက်ပြီး ဖုန်းကိုထုတ်ကာ သုံးနေလိုက်တယ်

မှားယွင်းသော ( One Shot Collections )Where stories live. Discover now