Please Let Me Go

131 14 8
                                    

(Warning .. အစာစားရင်းမဖတ်ရ/ စိတ်အစွဲရှိရင်မဖတ်ရ)

"ကိုကို အဲ့ဆိုင်မှာစားရအောင် ဆိုင်လေးကသပ်သပ်ရပ်ရပ်နဲ့ ကြည့်ရတာစားကောင်းမဲ့ပုံပဲ လူတွေလည်းအများကြီးဘဲ"

"အိမ်ပြန်ရအောင် မောင်"

"လာပါ ကိုကိုကလည်း"

ဗြူ့ရဲ့လက်ကိုဆွဲကာ ဆိုင်ထဲသို့ခေါ်သွားလိုက်တယ် ဆိုင်ထဲကလူတွေက ဘိုင်ဘယ်တို့ကိုထူးဆန်းနဲ့အကြည့်တဲ့ကြည့်နေပေမယ့် ဂရုမစိုက်ပါ ဆိုင်ထောင့်‌တစ်နေရာမှာထိုင်ပြီး စားပွဲကိုလှမ်းခေါ်လိုက်တယ်

"ဘာစားမလဲကိုကို "

"ငါစားချင်စိတ်မရှိဘူး"

"ကိုကိုကလည်း အာ့ကြောင့်ကိုကိုနေမကောင်းဖြစ်တာ ဘာမှလည်းမစားဘူး မှန်ထဲလည်းပြန်ကြည့်အုံး ကိုကို့မျက်နှာတွေကဖြူဖတ်နေပြီ ဟွန့်"

ဗြူ့ကိုစိတ်ဆိုးပြီး နှုတ်ခမ်းထော်ထားတဲ့ ဗြူ့ကောင်လေးကတစ်ကယ့်ကိုချစ်စရာလေးပါ ပုံကျတဲ့မေးရိုးထင်းထင်းနဲ့ ညှို့အားပြင်းတဲ့မျက်လုံးတွေက ယောက်ျားပီသမှုအပြည့်နဲ့ပင် ဒါပေမယ့် ဗြူနဲ့ဆို အမြဲကလေးတစ်ယောက်လို ချွဲနွဲ့နေတတ်တာ ဗြူမကောင်းပြောတာမဟုတ်ပါ အဲ့လိုပုံစံလေးက ပိုချစ်ဖို့ကောင်းတယ်

"ဒီကအကို ဘာစားမလဲဗျ"

"ကြေးအိုးဆီချက်နှစ်ပွဲပေးပါ"

"ဗျာ..??"

"ကြေးအိုးဆီချက်နှစ်ပွဲလို့"

"ဟို..ဟို ဟုတ်ကဲ့"

"အူကြောင်ကြောင်နဲ့ ဘယ်လိုကောင်မှန်းမသိဘူး"

"မောင်ကလည်း သူများကို...."

ဘိုင်ဘယ်လည်းချပေးလာတဲ့ ကြေးအိုးဆီချက်ကို အဝဆွဲလာတာကြောင့် ဗိုက်တွေတောင်အင့်နေပြီ ကိုကိုကမစားချင်ဘူးသာပြောတာ စချပေးကတည်းက စားလိုက်တာမှခေါင်းကိုမဖော်တော့ဘူး ချစ်ဖို့ကောင်းချက်ပဲ ဟီးဟီး

"ကိုကိုအိပ်မယ်လေ ဘာရပ်လုပ်နေတာလဲ"

"မောင်....ငါ.."

"ဘာငါလဲ လာလို့အိပ်မယ်လို့ဆို"

ကိုကိုကတကယ့်ကို အူကြောင်ကြောင်လေးပဲ အရင်ကတော့ ကိုကိုကအဲ့လိုမဟုတ်ပါဘူး အရမ်းကိုသွက်လက်ပြီး တအားဂရုစိုက်တတ်တာ ကိုကိုနဲ့ရည်းစားဖြစ်တာ သုံးနှစ်ကျော်ခဲ့ပြီ အဲ့သုံးအတွင်း ငါကလည်းကိုကို့ကိုချစ် ကိုကိုကလည်းငါ့ကိုချစ်နဲ့ အရမ်းပျော်ဖို့ကောင်းတာ အမြဲအဆင်ပြေနေတာတော့မဟုတ်ဘူးပေါ့ သဝန်တိုတတ်တဲ့ငါ့ကြောင့် ကိုကိုနဲ့ခနခနရန်ဖြစ်ရတယ် ဒါပေမယ့် ပြီးရင်ပြန်အဆင်ပြေသွားတာပါပဲ

မှားယွင်းသော ( One Shot Collections )Where stories live. Discover now