My Boyfriend Is An Introvert

135 18 10
                                    

လောကကြီးမှာ ငါဘာအတွက် အသက်ရှင်နေတာလဲဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်အမြဲမေးနေမိပေမယ့် အဖြေကိုရှာမ‌တွေ့ခဲ့ဘူး တစ်ယောက်သောသူနဲ့မတွေ့ခင်ထိပေါ့ ငါ့နာမည် ဗြူဂျာကာပန်ဖူထာ အွန်လိုင်းပေါ်က နာမည်ကြီးစာရေးဆရာတစ်ယောက်ပေါ့ ထုတ်လုပ်သူတွေတော်တော်များများက ငါရေးတဲ့ဝတ္ထုတွေကို ရိုက်ဖူးကြပေမယ့် ငါ့ကိုတော့သူတို့တစ်ခါမှမမြင်ဖူးပါဘူး ငါကနာမည်ကြီးတစ်ယောက်အနေနဲ့ လူကြားထဲမှာ လူတွေရဲ့အာရုံစိုက်ခံရမှာကို သဘောမကျဘူးလေ ဘယ်သူကသိမှာလဲ အာရုံစိုက်ခံရမှာမကြိုက်တဲ့ငါက အာရုံစိုက်ခံရမဲ့အလုပ်တွေကိုပဲရွေးလုပ်နေမိတယ်ဆိုတာ ဘိုင်ဘယ်ဝစ်ချာပက်ဆူမက်တီကွန်ဆိုတဲ့ နာမည်ကြီးမင်း‌သားလေးက အလိုက်ကန်းဆိုးမသိစွာပဲ ငါ့ရည်းစားဖြစ်လို့လာခဲ့တယ် တည်တည်ကြည်ကြည်နဲ့အေးဆေးနေတတ်တဲ့သူ့ပုံစံက ကောင်မလေးတွေရဲ့ကြားမှာ ရေပန်းစားနေခဲ့တယ် ဘယ်နေရာရောက်ရောက် စာအုပ်တစ်အုပ်လက်ထဲအမြဲပါပြီး စာဖတ်နေတတ်ပြန်တယ် ဘယ်သူနဲ့မှစကားမပြောဘဲနေတတ်တဲ့သူ့ပုံစံက အေးစက်စက်ဆိုပေမယ့် fangirlလေးတွေရဲ့ idea boy typeဖြစ်လို့နေတယ် အများရဲ့နှုတ်ဖျားမှာတော့ ဘိုင်ဘယ်ဝစ်ချာပက်က introvertတစ်ယောက်ပါပဲ........

"ဗြူဗြူ...!!!!!!"

"လာပြီ..!!!မျက်နှာကြီးက ရှုံ့မဲ့လို့ပါလား ဘာဖြစ်လာတာလဲ"

"ဒီမှာကြည့်.....ရိုက်ကူးရေးမှာ ဒဏ်ရာရလာတာ"

"ဟုတ်သားပဲ....ကြည့်ပါအုံး သွေးတွေထွက်နေတာ လာလာ ဗြူဆေးထည့်ပေးမယ်"

"အွန်း"

လက်ဖျံပေါ်က တစ်စင်တီလောက်ရှိတဲ့ပွန်းရာသေးသေးလေးကို အရက်ပြန်နဲ့သေချာဆေးပြီး ဆေးထည့်ပေးလိုက်တယ်

"အားးး စပ်တယ်စပ်တယ်!!"

"စပ်သွားတာလား ဖူးးးး ဖူးးးးးး အုံဖွ အုံဖွ စပ်သေးလား"

"ဟီးဟီး စပ်တော့ဘူး"

ဘိုင်ဘယ်က အများရှေ့မှာ တည်တည်ငြိမ်ငြိမ် ခပ်မိုက်မိုက်ပုံစံနဲ့သူတစ်ယောက်ဆိုပေမယ့် ဗြူရှေ့မှာတော့ အကူအညီလိုပြီး အမြဲကပ်ချွဲနေတတ်တဲ့ ကြောင်ပေါက်လေးတစ်ကောင်ပဲ ဘယ်သူမှမမြင်နိုင်တဲ့ တစ်ဖက်ခြမ်းကဘိုင်ဘယ်က အဆော့သန်တဲ့ကလေးတစ်ယောက် အနားမှာလိုက်ကပ်ပြီးချွဲတတ်တဲ့‌ ကောင်လေးတစ်ယောက် ဂရုတစိုက်လိုက်လုပ်ပေးတာကို သဘောကျတတ်တဲ့သူတစ်ယောက် ဆင်တူလေးတွေလုပ်ပြီး ပေးတတ်တဲ့ချစ်သူတစ်ယောက် အလုပ်ကနေပြန်လာတိုင်း ဗြူ့ရင်ခွင်ထဲဝင်ပြီးချွဲလေ့ရှိတယ် အဝတ်အစားဝတ်တာအစ ဗြူ့ကိုအားကိုးတတ်တယ်

မှားယွင်းသော ( One Shot Collections )Where stories live. Discover now