Khun Jake's Little Sunshine

126 18 17
                                    

Jake(ဂျိတ်)ဆိုတဲ့လူက ကျွန်တော့်အတွက် အိပ်မက်ဆိုးတစ်ခုလိုပဲ ကျွန်တော်ကျောင်းကို စရောက်တဲ့နေ့ကတည်းက ခြောက်လန့်နေခဲ့တဲ့အိပ်မက်ဆိုးပေါ့ အမြဲအတန်းလစ်ပြီး ရန်ပတ်ဖြစ်နေတဲ့ Khun Jake(ခွန်ဂျိတ်)က တစ်ကျောင်းလုံးရဲ့ အကျော်အမော်ပေါ့ တော်ရုံလူဆိုသူ့ကိုရှောင်သွားတတ်ကြတယ် ဒါမဲ့အဲ့အထဲ မိန်းကလေးတွေတော့မပါဘူး ခွန်ဂျိတ်ကချောတာကိုး နှာတံမြင့်မြင့် နှုတ်ခမ်းပါးလေးနဲ့ ခွန်ဂျိတ်က ချောလည်းချောသလို လှလည်းလှတယ် ကောင်မလေးတွေရဲ့ အသဲကြော်ပဲလှော်လေးက တစ်ကျောင်းလုံးရဲ့ လူဆိုးစာရင်းဝင်တစ်ယောက်ဘဲ

သေချင်တဲ့ကျားတောပြောင်းဆိုသလို ကျွန်တော်ကကျောင်းပြောင်းပြီး အန္တရာယ်တွင်းထဲခုန်ချမိခဲ့တာ လူကြောက်တတ်တဲ့ကျွန်တော်က ကံဆိုးချင်တော့ ခွန်ဂျိတ်နဲ့တစ်ခန်းထဲအတူကျပြီး ခွန်ဂျိတ်ရဲ့အာရုံစိုက်မှုကို ရခဲ့တယ် အကောင်းတော့မထင်ပါနဲ့ သူနှိပ်စက်ဖို့ အရုပ်တစ်ရုပ်ဖြစ်သွားရုံပါ ကံဆိုးခြင်းဆိုတာ စုပြုံလာတတ်တယ် တစ်ခန်းထဲကျရုံမကဘဲ ဘေးခုံမှာပါထိုင်ရကတည်းက အားတဲ့ဘုရား‌သာဆင်းကယ်စေချင်တော့တယ် ခွန်ဂျိတ်(သို့မဟုတ်) ခွန်ဗြူဂျာကာပန်ဖူထာက အလှပဆုံးနဲ့အန္တရာယ်အများဆုံးပန်းတစ်ပွင့်ပဲ

"မင်းနာမည်ဘယ်လိုခေါ်လဲ..."

"Bi..Bible Wichapas (ဘိုင်...ဘိုင်ဘယ်ဝစ်ချာပက်)"

"မင်းက စိတ်ဝင်စားဖို့ကောင်းတာပဲ အဟွန်း"

ဒုန်း....ဒုန်း....ဒုန်း

စားပွဲပေါ်ကို အားနဲ့ထုလိုက်တဲ့အသံကြောင့် အားလုံးလှည့်ကြည့်လိုက်ရာ

"အားလုံးကိုကြေငြာမယ် ဒီက ဘိုင်ဘယ်ဆိုတဲ့တစ်ယောက်က ငါပိုင်တဲ့ငါ့အရုပ်ပဲ ငါ့အရုပ်ကိုလာနွှယ်လို့ကတော့ နာမယ်သာမှတ်ကြ !!!"

"အဟမ်း.....ရပြီ ပေါင်ပေါင် ငါတို့ကန်တင်းသွားမလို့ လိုက်ခဲ့"

"ဟမ်? ကျွန်တော် မလိုက်...."

"ပေါင်ပေါင်!!"

"ဟုတ်...ဟုတ်ကဲ့ လိုက်ခဲ့ပါမယ်"

"လိမ္မာတယ်"

ဆံပင်လေးတွေကို ခပ်ဖွဖွလေးဖွပြီး ရှေ့ကနေထွက်သွားတဲ့သူနောက်ကို အပြေးလေးလိုက်ရတယ် စိတ်ဆိုးသွားရင်မလွယ်ဘူးလေ

မှားယွင်းသော ( One Shot Collections )Where stories live. Discover now