အကယ်၍.......

118 15 12
                                    

ငါ့နာမည်က ဗြူဂျာကာပန် ဂျိတ်ဘီလုပ်ငန်းစုရဲ့ CEOတစ်ယောက်ပေါ့ ဗြူ့ဆီမှာ ခွေးပေါက်လေးတစ်ကောင်ရှိတယ် လွန်ခဲ့တဲ့သုံးနှစ်က ဗြူ့အိမ်ရှေ့မှာ လာစွန့်ပစ်ခံရတဲ့ခွေးလေးပေါ့ အဲ့ခွေးလေးနာမည်က ဘိုင်ဘယ်ဝစ်ချာပက်တဲ့ ဗြူသူ့ကိုဘာလို့ခွေးလို့ခေါ်တာလဲဆိုတာ မင်းတို့မကြာခင်သိလိမ့်မယ် နေသာတဲ့တစ်နေ့ ဗြူအလုပ်သွားဖို့အိမ်ကအထွက် ခြံပေါ်ဝမှာ အထုပ်ကလေး လေးပိုက်ပြီးရပ်နေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ် လက်ထဲမှာလည်းစာလေးတစ်စောင်ကို ကိုင်ထားလို့ပေါ့

"ချာတိတ်လေး ဒီမှာဘာရပ်လုပ်နေတာလဲ"

"ပါးကဒီအိမ်ရှင်ထွက်မလာမချင်း ရပ်စောင့်နေဖို့မှာခဲ့လို့ ပြီးတော့ဒီမှာစာ ပါးပေးခိုင်းတာ"

သို့// ခွန်ဂျာကာပန်

ဦးရဲ့မိဘတွေမင်းကိုကူညီခဲ့ဖူးတဲ့မျက်နှာကိုထောက်ပြီး ဦးသားကိုမင်းအိမ်မှာခေါ်ထားပေးပါ သူ့ကိုကြိုက်သလိုခိုင်းလို့ရပါတယ် ဦးရဲ့သမီးရှိတဲ့ အမေရိကကိုလိုက်သွားတော့မှာမို့ သားကိုမင်းလက်ထဲအပြီးအပ်ခဲ့ပါတယ် သားရဲ့အသက်က 23နှစ်ပါ ဘယ်အလုပ်ကြမ်းမဆိုလုပ်နိုင်ပါတယ် အပြီးပိုင်ခေါ်ထားပေးပါ
ခွန်ဆူမက်တီကွန်

တောက်စ်.....

ဗြူစိတ်တိုတိုနဲ့ တောက်ခေါ်မိလိုက်သည် ဘယ်လိုလူလဲ ငယ်ငယ်ကတည်းကစာတော်တဲ့ကလေးကိုကျောင်းထွက် အလုပ်ကြမ်းလုပ်ခိုင်းပြီး သမီးအငယ်လေးကိုကျောင်းထားခဲ့တယ် မိဘတွေလက်ထက်က ချမ်းသာသလောက် လောင်းကစားမက်ပြီး သူ့လက်ထက်မှကုမ္ပဏီဒေဝါလီခံခဲ့ရတယ် ခုသမီးဆီလိုက်သွားဖို့ ကိုယ့်သားအရင်းကို သူစိမ်းဆီရက်ရက်စက်စက်စွန့်ပစ်ခဲ့တယ် တော်တော်နှလုံးသားမရှိတဲ့သူ.......

"ခွန် ကျွန်တော့်ကိုလက်ခံပေးမလားဟင် ခွန်လက်မခံရင် ကျွန်တော်တခြားဘယ်သွားရမှန်းမသိလို့ပါ"

သနားစရာ puppy eyesလေးတွေနဲ့ပြောနေတဲ့သူကြောင့် ဗြူ့ရင်ထဲမကောင်းပေ သူတစ်ယောက်ကိုတော့ ဗြူခေါ်ကျွေးထားနိုင်ပါတယ် ဗြူလည်းအဖော်ရတာပေါ့

မှားယွင်းသော ( One Shot Collections )Where stories live. Discover now