part 1(uni/zg)

8.5K 95 1
                                    

Part 1

ကျောင်းသား ကျောင်းသူတွေတရုန်းရုန်းနဲ့
ဆူညံပွက်လောရိုက်နေတဲ့ စာသင်ခန်းတစ်ခု၊
ကျောင်းရောက်မှ စာမပြီးသေးလို့ အသည်းအသန် ကုန်းရေးနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ရှိသလို ၊
နှစ်ပေါင်းများစွာ ခွဲခွာပြီးပြန်ဆုံရတဲ့ ပုံစံမျိုးနဲ့ စကားတွေ ထိုင်ပြောနေသူတွေလည်း ရှိပါသည်။

ထူးဆန်းနေတာက နောက်ဆုံးအတန်း ၊
row သုံးrow ၊
row တစ်ခုမှာ သုံးလေးယောက်ထိုင်လို့ရတဲ့ စာရေးခုံ၅ခုံစီနဲ့
row၃ခုပေါင်းတော့ ၁၅ ခုံ ၊
ဘယ်ဘက်ဘေးအစွန်‌rowရဲ့ နောက်ဆုံးခုံမှာ‌တော့ အပြုံးချင်းဖလှယ်နေကြတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်ရှိနေလေရဲ့၊
ဆူညံပွက်လောရိုက်နေတဲ့ စာသင်ခန်းအခြေအနေနဲ့ခြားနားစွာ ထိုဆယ်ကျော်သက်လေးနှစ်ယောက်မှာ တိုးတိုးတိုးတိုးနဲ့ဘာတွေ
ပြောနေကြသည်မသိ၊
နှစ်ယောက်ထဲကမ္ဘာဖြစ်နေကြတာ ၊

ကလင် ကလင်

ကျောင်းတက်ခေါင်းလောင်းတီးသံကြောင့်
တစ်ချို့‌ကျောင်းသားကျောင်းသူတွေ
ငြိမ်ကျသွားကြသည် ။
နေရာမှာမရှိတဲ့ ကျောင်းသားကျောင်းသူတွေလည်း အပြေးအလွှားသူတို့နေရာသူတို့ပြန်ထိုင်ကြတာပေါ့၊
ခက်တာက နေရာမှာဘဲ ကျောက်ချထားသလိုထိုင်နေဆဲ နောက်ဆုံးအတန်းက ထိုနှစ်ယောက်၊
ခုံအောက်မှာယှက်နွယ်ထားတဲ့ လက်အစုံကို ကောင်လေးဘက်ကလည်းလွှတ်မပေးသလို ကောင်‌မလေးကလည်း မရုန်းဘူး ၊

ကျန်တဲ့ကျောင်းသားကျောင်းသူတွေကလည်း မထူးဆန်းသလိုမျက်နှာထားလေးတွေနဲ့ ထိုနှစ်ယောက်ကို ဘာမှပြောဆိုခြင်းမရှိကြဘူး ၊

"ဟေ့ကောင်ငဇွဲ ဆရာလာပြီ "

နောက်ဆုံးမှာတော့ အခန်းအပေါက်အဝမှာ ကင်းစောင့်သဖွယ်ရပ်နေတဲ့ ကောင်လေးက ထိုနှစ်ယောက်အားကြည့်ကာ လှမ်းသတိပေးလာ တော့သည် ။

ထိုကောင်လေးရဲ့သတိပေးစကားကြားမှ နောက်ဆုံးတန်းရှိကောင်လေးဟာ သူကိုင်ထားတဲ့ ကောင်မလေးရဲ့လက်ကို လွှတ်ပေးသည် ။ကောင်မလေးကလည်း ထိုတော့မှ ညာဘက်အစွန်းဆုံးrowရဲ့ ထိပ်ဆုံးတန်းရှိ
သူမထိုင်တဲ့နေရာကို သွားထိုင်တော့သည် ။
သူငယ်ချင်းတွေကတော့ သူမကိုပြုံးစစနဲ့ ကြည့်နေကြတာပေါ့

Dare to say love /ကိုကို့အသည်းWhere stories live. Discover now