part 2(uni/zg)

3K 55 0
                                    

Part 2

ဒေါက် ဒေါက်

"မားမားလား "

စောစောစီးစီး တံခါးလာခေါက်သံကြောင့် စောင်ပုံထဲက မိုးသည်းရဲ့ အိပ်ချင်မူးတူးအသံလေးထွက်လာရသည် ။
အတော်ကြာ စောင့်နေပေမယ့် စကားသံပြန်မလာတာမို့ မိုးသည်းငေါက်ကနဲထထိုင်ပြီး

"ဘယ်သူဘဲဖြစ်ဖြစ် လာမနှိုးပါနဲ့ ၊မိုးသည်း အိပ်ချင်သေးလို့ပါ "

လှမ်းအော်ပြောရင်း ပြန်လှဲလိုက်သည် ။
အသံထပ်ကြားရမှာစိုးလို့ ခေါင်းအုံးနဲ့ပါ မျက်နှာကိုထပ်အုပ်လိုက်ပြီးမိုးသည်းအိပ်ဖို့ ဆိုင်းပြင်သည် ။
ဒီနေ့က ကျောင်းပိတ်ရက်လည်းဖြစ် ၊
ညကလည်း သင်္ချာတွေထိုင်ပြီးအပြီးကူးခဲ့တာမို့ အိပ်ရာဝင်တာနောက်ကျသည် ။
ထို့ကြောင့် ဒီနေ့တော့ အကြာကြီးအိပ်မယ်တွေးထားသည် ။

"ဟာ မိုးသည်း အိပ်ချင်ပါတယ်ဆို "

တစ်ယောက်ယောက်ကမျက်နှာပေါ် အုပ်တင်ထားတဲ့ခေါင်းအုံးကို လာဆွဲတာမို့ မိုးသည်းအသံဆူးဆူးလေးထွက်သွားရပြန်သည် ။အသံဘဲထွက်သွားတာ ၊
မျက်လုံးကတော့ ဖွင့်မရသေးပေ၊
ရင်ဘက်နားထိဘဲ‌ခြုံထားတဲ့ စောင်ကို
ခေါင်းမြီးဆွဲခြုံချလိုက်ပြီး
မိုးသည်း ပေတေကာ ထပ်အိပ်သည် ။

"အိပ်ပုတ် ထတော့ "

မျက်လုံးတွေမှိတ်ထားပေမယ့် နားတွေကတော့အလုပ်လုပ်သေးတာမို့ ရင်းနှီးနေတဲ့ ထိုအသံကိုကြားရတော့ မိုးသည်း စောင်ပုံထဲမှ ငေါက်ကနဲ ပြန်ထထိုင်မိသည် ။
ဖွင့်ဖွင့်ချင်းမို့ ကုတင်ဘေးရပ်နေတဲ့ပုံရိပ်ကမရှင်းမလင်းဖြစ်နေတာ‌ကြောင့် မျက်လုံးကို လက်နှစ်ဖက်ဖြင့်ပွတ်ပြီးမှ မိုးသည်းမျှော်လင့်တကြီး
ပြန်မော့ကြည့်လိုက်သည်။
မိုးသည်းမြင်လိုက်ရတာက မနက်ခင်းနေရောင်ခြည်ထက်ပင် တောက်ပနေသည့်

"ကိုကို့ !"

"ဟား.. နားကိုအူသွားတာဘဲကွာ ၊ဘာလို့အဲလောက်အော်ရသလဲ ဟင် "

နားတစ်ဖက်ကို လက်ဖြင့်ထိုးပြီး
ကိုကိုကပြောရင်း မိုးသည်းနဖူးကိုလည်းလွတ်နေတဲ့ လက်တစ်ဖက်ဖြင့် လက်သီးဆုပ်ကာ
လာထုသည် ။
ဖွဖွထုတာမဟုတ် ၊အသေထုတာ ၊
သို့သော် မိုးသည်းက မနာတတ်သူလို
ဘယ်ဘက်ပါးချိုင့်လေး နစ်ကျသွားသည်အထိ ပြုံးပြပြီး

Dare to say love /ကိုကို့အသည်းOnde histórias criam vida. Descubra agora