Part 4
မိုးသည်း အတန်းထဲဝင်လာတော့ အကုန်လုံးကအပြင်ထွက်ဖို့လုပ်နေကြပြီ ၊
ခဏတော့ ကြောင်တောင်တောင်ဖြစ်သွားရပေမယ့် တနင်္လာ ၊ဗုဒ္ဓဟူးနဲ့သောကြာနေ့တွေတိုင်း အပြင်ထွက်ပြီး နိုင်ငံတော်အလံအလေးပြုရတယ်လို့ ထက်ထက်ဝေပြောပြထားတာကို သတိရသွားသည်။
ကျောင်းရဲ့အလယ်မှာရှိတဲ့ကွင်းကျယ်ကြီးထဲနိုင်ငံတော်အလံအလေးသွားပြုရမှာဖြစ်ပြီး ထိုသို့အလေးပြုရခြင်းက မိုးသည်းအတွက်ပထမဦးဆုံးအကြိမ်ဖြစ်တာမို့ အိပ်ချင်စိတ်တွေပါပျောက်သွားရပြီး အတန်းထဲသို့ မြောက်ကြွကြွလေးဝင်လာလိုက်သည် ။"မိုးသည်း ရောက်ပြီ ၊လာလာ လွယ်အိတ်ပေး "
မိုးသည်း အတန်းထဲဝင်လာတာမြင်တော့
ထက်ထက်ဝေက အနားကိုအပြေးရောက်လာပြီး လွယ်အိတ်ကို ဆွဲယူကာ ခုံမှာသွားထားပေးသည်။
ပြီးမှ အနားပြန်ရောက်လာပြီး လက်ကို လာဆွဲသည် ။"သွားကြမယ် "
"ယွန်းလဲ့ကရော "
"သူက နေရာဦးဖို့ ထွက်သွားနှင့်ပြီ ၊ကဲ လာတော့ "
မိုးသည်း ဘာမှပြောချိန်မရတော့ဘဲ လက်မြန်ခြေမြန်ရှိလှတဲ့ ထက်ထက်ဝေဆွဲခေါ်ရာနောက် ကမျောကသော ပါလာရသည် ။
ကျောင်းရဲ့ အလယ်မြေနေရာ အကျယ်ကြီးသို့
ရောက်ချိန်မှာတော့ လေထဲတလွင့်လွင့်ဖြစ်နေတဲ့ နိုင်ငံတော်အလံတိုင်ကြီးနဲ့
အဖြူအစိမ်းဝတ်ကျောင်းသားကျောင်းသူတွေက ထိုအလံတိုင်ကြီးရှေ့အတန်းအလိုက်
ညီညီစီရပ်လို့နေကြသည်ကို တွေ့ရသည်။"ဟဲ့ ထက်ဝေနဲ့မိုးသည်း ငါဒီမှာ "
အသံကြားလို့ ဝေ့ဝဲကြည့်မိတော့
ပုပုသေးသေး ယွန်းလဲ့ခင်မျာ
သူမတို့နှစ်ယောက်မြင်အောင် ခုန်ခုန်ပြီး လက်ပြလို့နေသည်ကိုတွေ့ရသည် ။
မိုးသည်းရော ထက်ဝေပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးမှ
ရယ်ချင်ပက်ကျိမျက်နှာတွေဖြင့် ထိုအနားသို့
ပြေးသွားလိုက်သည် ။"မင်းတော်တယ် မယ်ဂျပု မုန့်စားဆင်းရင်း
မုန့်ဝယ်ကျွေးမယ် ""ထက်ဝေ နင်နော် ၊ထန်းပင်မ "
"မယ်ဂျပု "
"ထန်းပင်မ "