Part9(uni/zg)

1.3K 36 0
                                    

Dare to say love?(ကိုကို့အသည်း)

Part 9

ကလေးမ သုံးယောက်ရဲ့တစ်ညီတစ်ညွတ်တည်းတောင်းဆိုမှုကြောင့် သက်ပိုင်ကားကို ရင်ပြင်သို့
မောင်းပို့ရသည် ။
ရင်ပြင်ထဲရောက်တာနဲ့ စူပုတ်ပုတ်ဖြစ်နေတဲ့ ငမွှေသီးလေးရဲ့ မျက်နှာက ချက်ချင်းကြည်လင်သွားတာမို့ လိုက်ပို့ရကျိုးနပ်ပါသည် ။

"ကိုကို့  မန်းနီး မန်းနီး ဟိုဟာစီးမှာ"

သက်ပိုင်လမ်းတစ်ဝက်ရောက်မှ ပြန်လှည့်ယူခဲ့ရတဲ့ ပိတ်ဖောက်ပုခုံးလျှော်ဂါဝန်ဖြူတိုလေးနဲ့ မိုးသည်းတစ်ယောက် တကယ့်ကို ချစ်စရာကောင်းနေသည် ။
မျက်နှာရှေ့တည့်တည့် လက်ဖဝါးလေးဖြန့်ပြီး
ပိုက်ဆံတောင်းနေပုံလေးကလည်း ဆွဲမွေ့ယမ်းချင်စရာ ၊ထိုပုံစံလေးကြောင့် သက်ပိုင်မှာ ပြုံးသာပြုံးမိရင်း အိပ်ကပ်ထဲကပိုက်ဆံကို ထုတ်ဖို့လုပ်စဉ် မိုးသည်းက ခုန်ဆွဆွလုပ်ကာ လက်ညှိုးထိုးပြီး စီးမှာ လို့ပြောလာတာက ရိုလာကိုစတာ ၊
သက်ပိုင်မှာမျက်လုံးပြူးသွားရင်း ပိုက်ဆံထုတ်နေတဲ့ လက်ကရပ်သွားရသည် ။

"မရပါဘူး တစ်ခြားဟာစီးလေ "

"ဟာ ကိုကိုကလည်း အဲဒါစီးမှာပါဆို နင်တို့လည်းစီးမှာမလား "

မိုးသည်းက ခြေဆောင့်ခေါင်းရမ်းကာ ဘေးက နှစ်ယောက်ကိုလည်း အဖော်ခေါ်နေသည် ။
အဖော်ခေါ်လိုက်တာနဲ့ ထက်ဝေဆိုတဲ့ကလေးမကလည်း ခေါင်းငြိမ့်ပြတာဆတ်ကနဲ နောက်ကလေးမကတော့ အင်တင်တင်မျက်နှာလေးနဲ့ခေါင်းမငြိမ့်ခေါင်းမခါ၊
ဘာဘဲဖြစ်ဖြစ်
ထိုကလေးမနှစ်ယောက်က စီးချင်စီးလို့ရပေမယ့် မိုးသည်းကတော့မရ ၊

"တခြားဟာ စီးပါဆို ၊စကားနားမထောင်ရင် နောက် လိုက်မပို့ဘူးနော် "

"ကိုကိုနော် လာအနိုင်မကျင့်နဲ့ ၊စီးချင်ပါတယ်ဆို "

"........ "

"လုပ်ပါ ကိုကိုရယ် နော် နော် ၊ကိုကိုက မိုးသည်းကို ချစ်ဘူးလားဟင် "

"ဟင်း.... ခဏစောင့် "

‌သက်ပြင်းချရင်း ခေါင်းကိုပုတ်ကာ ခြေလှမ်းကျဲတွေနဲ့ ထွက်သွားတဲ့ ကိုကို့ကြောင့် မိုးသည်းအောင်နိုင်သူလို မျက်နှာလေးကို မော့ချီလိုက်သည် ။အဲဒီ ကိုကိုဟာလေ လူကိုနိုင်တာလည်းမဟုတ်ဘဲနဲ့ ပါဝါလာပြချင်နေသေးတယ် ၊

Dare to say love /ကိုကို့အသည်းOnde histórias criam vida. Descubra agora