Part 5
ကျွီ
ဒုန်း
ပေါ်တီကိုအောက် ကားရပ်လိုက်ရုံရှိသေး
မိုးသည်းတစ်ယောက် ကားပေါ်မှာချက်ချင်းဆင်းပြီး တံခါးကိုလည်းဒုန်းကနဲပိတ်ချကာ သူမရဲ့စိတ်အခြေအနေကို ဖော်ပြလို့နေသည် ။"သမီးပြန်ရောက်ပြီ မားမား...
သမီး ဪ ဒီကလေးနဲ့တော့ ဘာဖြစ်ပြန်တာလဲ "ဒေါ်ခင်သည်းမာ စကားကိုဆုံးအောင် နားမထောင်ဘဲ အပေါ်တက်သွားတဲ့ သမီးဖြစ်သူကြောင့် ခေါင်းရမ်းကာ ငြီးငြူးမိသည် ။
ဒီသမီးလေးတစ်ယောက်ထဲရှိတာမို့ အလိုလိုက်ထားမိတာ တစ်ခါတစ်ခါ သူမကိုယ်တိုင်တောင် ကိုယ်မွေးထားတဲ့သမီးကိုယ်မနိုင်ဘူး ၊
တစ်ခုခုဆို ကာကွယ်ပေးမယ့်သူတွေကလည်း အသင့်ရှိနေတော့ သမီးက ဒီအမေကိုလည်းကြောက်မနေတော့ဘူး"ကောက်သွားတာ အန်တီရေ ၊ ကျွန်တော်သွားချော့လိုက်ဦးမယ် "
အဲ့ဒါသာ ကြည့် ၊
စိတ်ဆိုးရင်တောင် အနောက်က မငြီးမငြူလိုက်ချော့မယ့်လူတွေရှိနေတော့
ဟိုကအကြိုက်ဆိုးပြီပေါ့ ၊
ဒေါ်ခင်သည်းမာ သမီးလွယ်အိတ်ကိုကိုင်လျက်
အပေါ်ထပ်ကိုပြေးတက်သွားတဲ့ ကောင်လေးကိုကြည့်ပြီး သက်ပြင်းသာချမိသည် ။
သမီးကငယ်တုန်းမို့ ကလေးသဘာဝ
စိတ်ဆိုးစိတ်ကောက်တာ ကိစ္စမရှိပေမယ့်
အသက်ကြီးလာလို့ ထို့အကျင့်ကြီး ဆွဲလာရင်
မခက်ပေဘူးလား၊
အရွယ်ရောက်လာလို့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ တွေ့ရမယ့်လူတွေက အိမ်ကလူတွေလို သမီးလေးအပေါ် စိတ်ရှည်ပေးနိုင်ကြမှာမဟုတ်ဘူးလေ><•><•><•><•><•><•><•><•><•><•><•><
"မိုးသည်းကွာ ၊ကိုကိုလည်း ဘာအမှားမှ
မလုပ်ဘဲနဲ့ ""ကိုကိုဘာအမှားမှ မလုပ်ထားဘူးလို့ထင်ရင် ပြန်ပေါ့ ၊ဘာလို့လဲပြောနေသေးလဲ"
ပြောတက်ပါ့၊
ကျောင်းဝတ်စုံတောင်မလဲနိုင်ဘဲ ကုတင်ပေါ်တင်ပျဉ်ခွေထိုင်ကာနှုတ်ခမ်းကစူထွက်နေမှတော့ သက်ပိုင်ဘယ်လိုလုပ် ပြန်နိုင်ပါ့မလဲ ၊
ဒီကလေးမ ငယ်ငယ်လေးဘဲရှိသေးတာကို
ရွဲ့တာစောင်းတာကတော့ တက်သလားမမေးနဲ့၊
သက်ပိုင် သူမလေးရှေ့ခြေစုံရပ်ကာ လက်နှစ်ဖက်ဖြင့်ခါးကို ခပ်လျော့လျော့ထောက်ရင်း