Part7(uni/zg)

1.4K 40 0
                                    

Dare to say love?(ကိုကို့အသည်း)

Part 7

ဒီနေ့စာမေးပွဲဖြေရမယ့် ပထမဆုံးရက် ၊
ထိုကြောင့် ကိုကိုနဲ့အတူ ကျောင်းသို့ ပုံမှန်အချိန်ထက် စောထွက်လာခဲ့ကြသည် ။
ကျောင်းပေါက်ဝရောက်တော့ ဟိုအုပ်စုကရောက် တောင်‌ရောက်နှင့်နေပြီ၊

မိုးသည်းက သူမသူငယ်ချင်းအုပ်စုကိုမြင်တာနဲ့ လည်ကလေးတဆန့်ဆန့်နဲ့ ဂဏာမငြိမ်ဖြစ်နေလေပြီမို့ သက်ပိုင်ခေါင်းကိုသာ အသာရမ်းပြီး ကားကိုလွတ်တဲ့ဘေးချရပ်လိုက်သည် ။
ကားရပ်တာနဲ့ မိုးသည်းက‌ အတင်းကိုပြေး‌ဆင်းသွားတာများ တားချိန်တောင်မရ ၊
သက်ပိုင်ခေါင်းသာခါမိပြန်ရင်း စာရေးကိရိယာတွေထည့်ထားတဲ့အိတ်လေးရယ် ၊ရေဘူးရယ်ကိုယူပြီး အနောက်ကလိုက်ရသည် ။

"ငါတော့ အိပ်ပြီးတောင်ဖြေလို့ရတယ် အေးဆေး"

အနားတောင်မရောက်သေး မိုးသည်းရဲ့ ထိုအသံစူးလေးက နားထဲဝင်လာသည် ။
မျက်နှာလေးမော့ကာချီကာဖြင့် ကြွားလုံးထုတ်နေပုံက ဆွဲမွေ့ယမ်းပစ်ဖို့သာ ကောင်းသည် ။

"အိပ်ပြီးဖြေမယ်ဆိုရင်တောင် ဘောပင်အိတ်လေးတော့ ယူသွားသင့်တယ်မဟုတ်ဘူးလား"

"အယ် ကိုကို ၊‌မိုးသည်း မေ့သွားတာ အဟဲ"

"မေ့စရာမဟုတ်တာကိုနော် ထုချလိုက်ရ "

ကိုကိုက ပါးစပ်အပြောဘဲရှိတာ သိတာမို့
မိုးသည်းလျှာလေးထုတ်ပြကာ မျက်နှာပြောင်လိုက်သည် ။

"ဪ ကိုကို့ကိုပြောရဦးမယ် မိုးသည်းတို့
စားမေပွဲပြီးတဲ့နေကျရင် လျှောက်လည်ကြမှာ ကိုကိုလိုက်ပို့ပေးနော်"

"စာမေးပွဲပြီးတဲ့နေ့မှပြောလည်း ရပါတယ်
မိုးသည်းရယ် ၊ဖြေရမယ့်စာကိုသာ အာရုံစိုက်ပါ "

"ဟာ ကိုကိုကလည်း မေ့သွားမှာစိုးလို့ ကြိုပြောထားတာပေါ့ ၊ပြီးတော့ အဲ့နေ့ရောက်မှကိုကိုက မအားဖြစ်နေမှာစိုးလို့ ၊ "

"ဟုတ်ပါပြီဗျာ ကိုကို အားစေရပါ့မယ်
ကတိပေးတယ်၊
အခုတော့ စာမေးပွဲဘဲ အာရုံစိုက် ၊
ညီမတို့ရောဘဲ သေချာဖြေကြ  "

ကိုကိုက အပြုံးဖြင့်ပြောတော့
ထက်ဝေနဲ့ယွန်းလဲ့တို့ကလည်း ပြုံးဖြဲဖြဲနဲ့ ပုတ်သင်ညိုအလားခေါင်းတွေ ငြိမ့်ပြကြသည် ။
နှစ်ယောက်လုံး မျက်နှာပိုးက တကယ်ကိုမသေတာ ၊ကိုကိုပထမဆုံး မိုးသည်းကိုလာကြိုတဲ့နေကလည်း သူတို့မှာ ပါးစပ်အဟောင်းသာငေးနေကြတာ၊နောက်နေ့ကျောင်းရောက်တော့လည်း
ကိုကို့အကြောင်းတွေ ဗျူးလိုက်ကြတာ စုံလို့ ၊
ဒါတောင် ကိုကို့ကိုသူတို့မမြင်ဖူးခင်ကတည်းက
'ကိုကိုက မိန်းကလေးတွေမကြိုက်ဘူးဟ 'လို့ ပြောထားလို့ မဟုတ်ရင် ယောင်းမခေါ်သံတွေ နားနဲ့မဆံ့အောင် ကြားနေရမှာ အသေအချာ ၊
အဲ့လိုပေါက်တက်ကရတွေပြောထားတာသာ
‌ကိုကိုပြန်သိသွားရင်လည်း ဆူလိုက်မယ့်ဖြစ်ခြင်း

Dare to say love /ကိုကို့အသည်းOnde histórias criam vida. Descubra agora