Dare to say love?(ကိုကို့အသည်း)
Part 24
'အကျဉ်းချုံး 'ပေးဖို့ ပြောခဲ့တဲ့ မိုးသည်းစကားကို
ပါးပါးနဲ့မားမားကစလို့ မည်သူတစ်ဦးတစ်လေကမှ ချိုသည်ခါးသည် မဆိုကြပါ ၊
အားလုံးက အရာရာကိုမိုးသည်းစိတ်တိုင်းကျ
ဖြစ်စေခဲ့၏ ။တစ်နေ့နဲ့တစ်နေ့ ကိုကိုတို့မိသားစုသည်လည်း ဖိတ်စာရိုက်ဖို့ ၊ဝတ်စုံရွေးဖို့ ၊လက်ဝတ်လက်စားတွေရွေးဖို့၊pre wedding ပုံရိုက်ဖို့စသည့် အကြောင်းအရာအမျိုးမျိုးဖြင့် အိမ်သို့ထွက်ချည်ဝင်ချည်ရှိကြသည် ။
အကျဉ်းချုံးဖို့ပြောထားတာကိုတောင် မင်္ဂလာပွဲတစ်ခုဖြစ်လာဖို့ကိစ္စဝိစ္စတွေကများလွန်းသည်ထင်ပါရဲ့ ၊လုပ်စရာတွေက ကုန်ကိုမကုန်နိုင် ၊
အကုန်လုံးကိုကြည့်ရတာလည်း လုပ်စရာတွေပုံနေတာကိုတောင်မှ အတော်ပျော်နေကြပုံက အထင်းသား ၊မိုးသည်းကတော့ ပျော်သည်လည်းမဟုတ်
မပျော်သည်လည်းမဟုတ် ၊စိတ်ပါသည်လည်းမပါသည်လည်းမဟုတ် ၊
လာခေါ်ရင် လိုက်သွားလိုက်သည် ။
မခေါ်ရင်လည်း အခန်းထဲမှာ လှဲအိပ်နေတာမျိုးရှိသလို ၊ခြံထဲဆင်းပြီး ငေးငိုင်ငိုင်လေးထိုင်နေတတ်တာမျိုးလည်းရှိ၏ ။"သမီးရေ ထိုင်မနေနဲ့ ပြင်စရာရှိတာပြင်ရမယ်လေကွယ် "
အသံနဲ့အတူ မျက်ခင်းပြင်ပေါ်ငိုင်ငိုင်လေးထိုင်နေတဲ့ မိုးသည်းနား မားမားရောက်လာသည် ။
မိုးသည်းမော့ကြည့်လိုက်တော့ ကိုယ်မှာဝတ်ဆင်ထားတဲ့ရွှေရောင်တလက်လက်တောက်နေတဲ့ ပိုးထည်ချိတ်နဲ့အပြိုင် အပြုံးတွေတလက်လက်တောက်ပနေတဲ့ မားမား ၊ခေါင်းမှာလည်း သဇင်ပန်းတွေပန်ထားတာ ညွတ်လို့ ၊
မားမားတော်တော်လေးပျော်နေသည်ထင်ပါရဲ့ ၊
မိုးသည်းကြောင့် မားမားပျော်နေတဲ့အပျော်လေးပျောက်မသွားရအောင် မျက်နှာမှာအပြုံးဆင်ရင်းထရပ်လိုက်သည် ။"ပါးပါးကရော"
"သမီးပါးပါးက ဟိုတယ်မှာဧည့်သည်တွေကြိုဧည့်ခံဖို့ သွားနှင့်ပြီ ၊မားမားကသမီးကိုစောင့်ရင်းကျန်ခဲ့တာ ၊အခုတော့ အချိန်ကကပ်နေပြီ ပြင်မှာဆင်မှာနဲ့ဆို တို့သားအမိလည်း ထွက်မှရတော့မယ် "