final part

5.2K 68 3
                                    

Dare to say love?(ကိုကို့အသည်း)

Part 25 (ဇာတ်သိမ်းပိုင်း)

"ဒါ...ဒါပေမယ့် ကိုကိုကငါ့ကိုမချစ်ဘူးလို့မပြောသလို ချစ်တယ်လို့လည်းမပြောဘူးလေ "

"ကျစ်... နင့်ရဲ့တုံးအမှုကို ငါဘယ်လိုလုပ်ရမယ်တောင်မသိတော့ဘူး မိုးသည်းရယ် "

"အဲ့ဒါကြောင့် ကလေးဦးနှောက်လို့ အစ်ကိုပြောတာပေါ့ "

"ဟင်! "

"ဟာ အစ်ကိုသက်ပိုင် ကြားသွားထင်တယ် ၊
အတော်ဘဲ လာ....လာ ထိုင်ပြီးသေချာရှင်းပြလှည့်ချည်၊ ယွန်းလဲ့တော့ မရှင်းပြတတ်တော့ဘူး သွားပြီ"

သုတ်သုတ် သုတ်သုတ်နဲ့ ထထွက်သွားတဲ့ ယွန်းလဲ့အား မိုးသည်းလက်လှမ်းဆွဲဖို့ပင် မမှီလိုက် ၊
အခု ကိုကိုနဲ့မိုးသည်းနှစ်ယောက်တည်းသာ ကျန်တော့သည် ။

"ရှင်းပြရမှာတွေများသားဘဲ "

အသံနဲ့အတူ ကိုကိုက ဘေးကပ်လျက်ခုံမှာဝင်ထိုင်လာသည် ။
အခုချိန်မှာ မိုးသည်းရှက်လွန်းလို့ ကိုကို့မျက်နှာကိုပင် မကြည့်ရဲ ၊ရင်လည်းရင်မဆိုင်ရဲတာမို့
ထထွက်ဖို့အလုပ်

"‌ဟိတ် "

"အမေ့!! "

"ဘယ်ပြေးမလို့လဲ "

လက်ကောက်ဝတ်‌မှမိမိရရဖမ်းဆွဲချလိုက်တာမို့ မိုးသည်းသူ့ပေါင်ပေါ် ထိုင်လျက်သားကျသွားရသည် ။ထဖို့လုပ်‌ပေမယ့် ချက်ချင်းပင်ကိုကိုက ခါးကိုတင်းနေအောင်လာဖက်တာမို့
ထမရ ၊ဒါကိုကိုကိုကအခွင့်ကောင်းယူကာ မျက်ခုံးပင့်ပြီး ပြုံးစစဖြင့်မေး၏ ။
မိုးသည်းပြန်မဖြေမိပါ ၊
မျက်နှာရဲရဲလေးဖြင့် ကိုယ်လေးကိုရုန်းကာ ခါးကိုလာဖက်ထားတဲ့ ကိုကိုလက်‌တွေကိုသာ အတင်းဖြုတ်ချဖို့ကြိုးစားနေမိသည် ။

"အဟွန်း လူကိုအသည်းယားအောင် ဘာလို့အတင်းရုန်းနေတာလဲကွ "

"ဟင့်အင်း မသိဘူး လွှတ် "

"မလွှတ်ဘူးကွာ  မွ "

ပါးပြင်ရဲရဲလေးက ချစ်စရာကောင်းလွန်းတာမို့ သူစိတ်မထိန်းနိုင်စွာ မွေးကြူမိတော့ သူ့လက်ကိုအတင်းမရမကဖြုတ်ချနေတဲ့ ပေါက်စလေးက မော့ကြည့်လာတာများ မျက်လုံးလေးကိုပြူးလို.

Dare to say love /ကိုကို့အသည်းHikayelerin yaşadığı yer. Şimdi keşfedin