Part16(uni/zg)

1.3K 34 0
                                    

Dare to say love?(ကိုကို့အသည်း)

Part 16

⏸️>>ကလေးကို သတိရတိုင်းလည်း ဖုန်းဆက်လို့ရမှာမဟုတ်ဘူး ၊ဒါကြောင့် ပိုစိတ်ပူတယ် ဖုန်းဆက်လို့မရရင် ကလေးငိုမနေရဘူးနော်၊
လူကြီးတွေစကားလည်း နားထောင် ၊ဘယ်အချိန်ပြန်လာရမလဲ မသိသေးပေမယ့် သေချာပေါက်ပြန်လာခဲ့မှာပါ ၊အဲဒါကြောင့် ပြန်မလာခင်အချိန်လေးတော့ ဒီအစ်ကိုရဲ့အမှာစကားလေးတွေးကို နားထောင်ပေးထားနော် ၊ပြန်လာမှ ကိုကိုက အတိုးချပြီး အလိုလိုက်ပေးမယ်<<

MacBookထဲမှ ကိုကို့အသံလေးက ရပ်သွားလေပြီ ၊သတိရတိုင်း ဖုန်းဆက်လို့ရမှာမဟုတ်ဘူးလို့ ပြောခဲ့သလိုဘဲ ကိုကို့ဆီက အဆက်အသွယ်မရတာတစ်ပတ်ရှိပြီ၊
မိုးသည်ဘက်မှလည်း ကျောင်းမသွားခင်ရော၊ကျောင်းပြန်လာချိန်မှာပါ မပျက်မကွက်ဖုန်းဆက်ခဲ့ပါသည် ။သို့သော် ဆက်လိုက်တိုင်း ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတာနဲ့ စက်ပိတ်ထားတာ‌တွေနဲ့သာ ကြုံရသည် ။
ဘယ်နေရာကို သွားလို့များ ဖုန်းလိုင်းက အဲ့လိုဖြစ်နေရသလဲ မိုးသည်းသိချင်ပါသည် ။
တစ်ခါတစ်ခါ လိုက်သွားချင်စိတ်လည်းဖြစ်မိသည် ။သို့သော် ကိုကိုသွားတဲ့နေရာကိုမှ မိုးသည်းမသိဘဲ ၊ထိုကြောင့် ကိုကိုချန်ခဲ့တဲ့recordလေးကို
အပြန်ပြန်အလှန်လှန်နားထောင်ရင်းဖြင့်သာ စိတ်ဖြေရပါသည် ။

အရင်ကဆို ကျောင်းချိန်တွေမှာ ကိုကို့အားမေ့မေ့ပျောက်ပျောက်နေနိုင်ခဲ့သည့် မိုးသည်းသည် အခုတော့ စာသင်နေချိန်မှာတောင် ကိုကို့အား သတိရနေမိပြီ ၊
'ခေါင်းထဲမှာ စာအကြောင်းကလွဲပြီး ကျန်တာတွေ မတွေးပါနဲ့ 'ဆိုတဲ့ ကိုကိုအမှာစကားသံလေးကို ပြန်ကြားယောင်ရင်း မတွေးဘဲပေါ်လာတက်တဲ့ကိုကို့ပုံရိပ်လေးတွေကို ခေါင်းခါခါထုတ်နေရတာလည်း ခဏခဏပင်၊

အခုလည်း ပေါ်လာတဲ့ ကိုကို့ပုံရိပ်လေးတွေကို ခေါင်းခါထုတ်ရင်း macbookလေးကို ဘေးအသာရွှေ့ပြီး စာလုပ်ဖို့ပြင်ရသည် ။

အချိန်တိုင်း ကိုကို့ကိုသတိရမိနေတာကလွဲလို့
မိုးသည်း ဘဝကြီးက ထူးထူးခြားခြားဖြစ်စဉ်ရယ်လို့မရှိပါ ၊

Dare to say love /ကိုကို့အသည်းHikayelerin yaşadığı yer. Şimdi keşfedin