Part15(uni/zg)

1.4K 34 0
                                    

Dare to say love?(ကိုကို့အသည်း)

Part 15

"မားမား ကိုကိုမလာတာ ၃ရက်တောင်ရှိပြီနော် "

"အင်းဟုတ်ပါရဲ့ သမီးနဲ့ရန်တွေဖြစ်ထားသေးလား "

"ဖြစ်စရာလား မားမားရဲ့ "

မိုးသည်းမျက်နှာလေးရှုံ့မဲ့သွားရသည် ။
ကိုကိုနဲ့ရန်လည်းဖြစ်မထားပါဘူး ၊
ဒါပေမယ့် အရင်တစ်ခေါက်‌ကိုကို့ကွန်ဒိုသွားပြီကတည်းက မတွေ့ဖြစ်တော့တာ ၊ကိုကိုကနေနိုင်လိုက်တာ အိမ်လည်းမလာသလို ၊ဖုန်းလည်းမဆက် ၊မိုးသည်း အရမ်းသတိရနေပါပြီ ၊
အရင်ရက်တွေတုန်းက ကျောင်းစာတွေများလို့ ငြိမ်နေရပေမယ့် ဒီနေ့ကကျောင်းပိတ်ရက် ၊
ကိုကိုက အိမ်မလာတော့ မိုးသည်းကဘဲ သွားတွေ့ရမှာပေါ့ ၊ထို့ကြောင့်လည်း နေ့လည်နေခင်း
မားမားအားတုန်းလေ စကားစလိုက်ခြင်း ၊

"ဒါဆို မအားလို့နေမှာပေါ့သမီးရယ် "

"သမီးသွားကြည့်ချင်တယ် မားမား "

"ဖုန်းဆက်ကြည့်ပါဦးလား "

"မဆက်တော့ဘူးမားမားရယ် ၊သွားဘဲကြည့်လိုက်မယ်နော်‌ နော် "

မားမားလက်မောင်းကိုလှုပ်ရမ်းကာ ခပ်ချွဲချွဲလေးပြောလိုက်သည် ။မားမားမငြင်းနိုင်မှန်းလည်း မိုးသည်းသိပါ၏ ။

"အင်း ရောက်ရင်တော့ ဖုန်းဆက်‌နော် "

ထင်တဲ့အတိုင်းမားမားကခွင့်ပြုလိုက်တာမို့ ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြကာ ခုန်ပေါက်ထွက်လာလိုက်သည် ။
အဝတ်အစားက အစကတည်းက လဲထားတာမို့ လဲစရာမလို ၊
အိမ်ကကားမောင်းသမားဦးလေးကြီးအား အပြေးအလွှားသွားခေါ်လိုက်ပြီး ကိုကိုကွန်ဒိုရှိရာစီသို့ တက်ကြွမှုအပြည့်ဖြင့် ချီ‌တက်လာခဲ့သည် ။

ကွန်ဒိုအခန်းအဝရောက်တော့ ရင်ထဲကတလှပ်လှပ်၊ကိုကို့အားအသိမပေးဘဲ ကိုယ့်သဘောနဲ့ကိုယ်လာခဲ့တာမို့ မိုးသည်းကို တွေ့ရင် ကိုကိုဘယ်လိုဘယ်ပုံဖြစ်သွားလေမလဲ အတွေးဖြင့်ပင် စိတ်လှုပ်ရှားလာရသည် ။
ဘဲလ်တီးဖို့အရေးတောင် လက်လေးတွေကတုန်လို့

တီးတောင်

နောက်ဆုံးတော့ စိတ်ပိုင်းဖြတ်ပြီး မျက်စိစုံမှိတ်ကာ တစ်ချက်နှိပ်လိုက်သည် ။
ပြီးမှ စိတ်လှုပ်ရှားစွာဖြင့် လွယ်အိတ်ကြိုးလေးနှစ်ဖက်ကို ဖိဆွဲလိုက်မိ၏

Dare to say love /ကိုကို့အသည်းDonde viven las historias. Descúbrelo ahora