Intro

32.1K 1.2K 98
                                    

#Unicode

"မင်္ဂလာပါရှင့်... Midnight Cafe ကနေ ကြိုဆိုပါတယ်ရှင့်..."

ကော်ဖီဆိုင်ထဲဝင်လိုက်တာနဲ့ ဝန်ထမ်းကောင်မလေးဆီကနေ ပြုံးပြရင်း ပျူငှာစွာနှုတ်ဆက်သံကိုကြားလိုက်ရသည်...။ လူတွေကိုဖော်ရွေစွာဆက်ဆံတတ်တဲ့ကိုယ့်အကျင့်အတိုင်းဆို ပြန်ပြုံးပြပြီးနှုတ်ဆက်ဖြစ်မှာဆိုပေမယ့် အခုတော့ အဲဒီ့လိုမဟုတ်...။ ရင်ထဲမှာတနုံ့နုံ့နဲ့အခဲမကျေဖြစ်နေတဲ့အစိုင်အခဲကြီးကြောင့် စိတ်အလိုမကျစွာမျက်မှောင်ကျုံ့လို့ထားသည့်ကိုယ့်မျက်နှာဟာ လူမြင်ရင်လန့်ချင်စရာ...။

စီးပွားရေးလောကမှာဆို အပြုံးချိုချိုလေးနဲ့ သဘောကောင်းသည့် Knight Group ရဲ့ CEO ကင်ထယ်ယောင်းဆိုပြီး နာမည်ကြီးတဲ့ ကိုယ်...။ အခုတော့ အဲဒီ့ဂုဏ်ပုဒ်ဟာ လက်ရှိဖြစ်‌နေတဲ့ ကိုယ့်မျက်နှာအနေအထားနဲ့မလိုက်မဖက်...။

ဒီလိုတွေဖြစ်နေရတဲ့အကြောင်းအရင်းကိုတခြားပြေးရှာစရာတော့မလို။ အခုတွေ့ဖို့သွားနေတဲ့သူကြောင့်ပင်...။ သူနဲ့တွေ့လိုက်တိုင်း ပျော်ပျော်နေတတ်ပြီး positive thinking လေးတွေပဲ တွေးတတ်သည့်ကိုယ့်အကျင့်တွေကဘယ်ပျောက်လို့ပျောက်သွားမှန်းမသိ၊ ဆရာကြီး သမ္ဘာကြီးလိုလို ဘဝင်ခေါင်ခိုက်နေတတ်တဲ့သူ့မျက်နှာကိုမြင်လိုက်ရတာနဲ့ ကိုယ့်ရဲ့အတွေးတွေ ကိုယ့်ရဲ့အပြုအမူတွေက အနှုတ်သဘောဆီကိုသာဦးတည်သွားတတ်တော့သည်...။ မျက်နှာကိုမြင်တာနဲ့ အမြင်ကပ်ပါစေဆိုတဲ့ဆုနဲ့ပြည့်တဲ့သူမျိုးပေါ့...။

VIP Room ထဲမှာ‌‌တွေ့ဖို့ချိန်းထားတာဖြစ်လို့ ကော်ဖီဆိုင်ရဲ့ စင်္ကြန်တစ်လျှောက် VIP Room တွေရှိရာဘက်ဆီလျှောက်လာခဲ့ပြီးနောက် ချိန်းထားသည့်အခန်းရှိရာဆီရောက်လာခဲ့သည်...။ အခန်းတံခါးကိုဆွဲဖွင့်လိုက်လေတော့ တွေ့လိုက်ရတာက စားပွဲအရှေ့ရှိထိုင်ခုံတွင် ခြေထောက်တစ်ဖက်ချိတ်ကာထိုင်‌နေလျက် ကော်ဖီအား ဟန်ပါပါဖြင့်သောက်နေသည့်သူ့ကို...။

Formal Suit အပြည့်ဝတ်ဆင်ထားပြီး ဆီလိမ်းထားသည့်ဆံပင်တွေကို အနောက်သို့သပ်ရပ်စွာလှန်တင်ထားသည်...။ တခြားလူတွေရဲ့မျက်စိထဲမှာ ယခုလက်ရှိသူ့ရဲ့ဒီလိုပုံစံဟာ သိပ်ကိုခန့်ညား‌‌ချင်ခန့်ညားနေလိမ့်မည်...။ ပြည့်စုံချင်ပြည့်စုံနေလိမ့်မည်။ ဒါပေမယ့် ကိုယ့်ရဲ့မျက်စိထဲမှာတော့ အမြင်ကပ်ချင်စရာပင်...။

One Year Marriage (Completed)Where stories live. Discover now