Episode-29

8.6K 711 138
                                    

#Unicode

အဘိုးနှစ်ယောက်စီစဉ်ပေးထားတဲ့ Vienna ခရီးစဉ်...။ တစ်နှစ်ပြည့် Anniversary ပြီးလို့ နှစ်ရက်မြောက်နေ့မှာ စတင်ထွက်ခွာဖြစ်ကြသည်...။ မနက်ခင်း flight နဲ့သွားရမှာဖြစ်တာမို့ နှစ်ယောက်သား စောစောထပြင်ဆင်ပြီး လေယာဉ်ကွင်းဆီဆင်းလာခဲ့ကြသည်...။

နှစ်ယောက်လုံး ဝတ်နေကျ suit မဟုတ်ဘဲ မောင်က ရှပ်အင်္ကျီအဖြူကိုဂျင်းဘောင်းဘီထဲထည့်ဝတ်လို့ထားပြီး ကိုယ်ကတော့ Hoodie အညိုပုတ်ရောင်လေးကို ဘောင်းဘီအမည်းလေးနဲ့တွဲဝတ်လာရင်း တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ လေယာဉ်ပေါ်တက်လာခဲ့သည်...။

လေယာဉ်ရဲ့အထူးတန်းတစ်ခုလုံးကို ကိုယ်တို့နှစ်ယောက်အတွက်သီးသန့်ငှားပေးထားတဲ့ အဘိုးတို့ကြောင့် ကိုယ်တို့ဘေးမှာအခြားခရီးသည်တွေတစ်ယောက်မှမရှိ...။ ကျယ်ပြန့်လှတဲ့အထူးတန်းနေရာမှာ ကိုယ်တို့နှစ်ယောက်သာရှိသည်...။ သို့သော် နေရာလွတ်နေတဲ့ခုံတွေအများကြီးရှိနေပေမယ့် ပူးတွဲရှိနေသည့်နှစ်ခုံတွဲမှာသာ တစ်ယောက်နဲ့တစ်ယောက်ပူးကပ်ပြီးထိုင်မိကြသည့် ကိုယ်နဲ့မောင်...။

"မောင်တို့ ဟိုရောက်ရင် ဘယ်ကိုအရင်လည်ရင်ကောင်းမလဲ...?"

Vienna မှာရှိသည့် အထင်ကရ အဆောက်အဦးတွေနဲ့ landmarks တွေအကြောင်းရေးထားသည့် လမ်းညွှန် guide စာအုပ်ကိုဖတ်ရင်း ခရီးစဉ်ကိုအစီအစဉ်ဆွဲနေပါသော မောင့်ပုခုံးပေါ်ခေါင်းမှီကာ ခြေတွေလက်တွေကိုပါ မောင့်ပေါင်ပေါ်ပစ်တင်လိုက်ပြီး ကိုယ်ကတော့ စားလိုက် အိပ်လိုက်နဲ့ လိုက်လာခဲ့တော့သည်...။

၁၂ နာရီကျော် ၁၃ နာရီလောက် လေယာဉ်စီးပြီးတဲ့အခါမှာတော့ Austria နိုင်ငံ ရဲ့မြို့တော်ဖြစ်သည့် Vienna ဆီရောက်ရှိလို့လာခဲ့သည်...။ ကိုယ်တို့ရောက်သွားတဲ့ အချိန်က နေဝင်ခါနီးညနေခင်းအချိန်ဖြစ်လို့နေကာ လာတဲ့လမ်းတောက်လျှောက်အိပ်ပြီးလိုက်လာတဲ့အရှိန်ကမသေသေးတာမို့ ကိုယ့်မျက်လုံးကသိပ်မပွင့်ချင်...။ ဟိုတယ်ရောက်သည့်အခါ ညအချိန်ပင်ရောက်သွားပြီဖြစ်တာကြောင့် အခန်းထဲရောက်တာနဲ့ အိပ်ရာပေါ်ပြေးတက်မိလေတော့ မောင့်ဆီကရယ်သံသဲ့သဲ့ကြားလိုက်ရတော့သည်...။

One Year Marriage (Completed)Where stories live. Discover now