#Unicode
တစ်ခုသောညနေခင်း၌ ကင်အိမ်တော်အတွင်း အလုပ်သမားအများအပြားနဲ့အတူ ယောက်ယပ်ခပ်လို့နေသည်...။ အကြောင်းမှာ ကင်အိမ်တော်ရဲ့သခင်ကြီး ဥက္ကဌကင်၏ မွေးနေ့အမှတ်တရ ညစာစားပွဲကြောင့်ပင်ဖြစ်သည်...။ ရင်းနှီးကျွမ်းဝင်တဲ့မိတ်ဆွေ သူငယ်ချင်းတစ်ချို့ကိုသာ ဖိတ်ထားသောပွဲဖြစ်လေသည်...။
ထိုအချိန်တုန်းက အသက် ၅ နှစ်သာရှိသေးသော ထယ်ယောင်းလေးသည် ဧည့်ခန်းထဲရှိဆိုဖာပေါ်မှာထိုင်ရင်း အဘိုးရဲ့အမိန့်ကြောင့် အရှေ့ကနေ ဟိုပြေးဒီပြေးနဲ့ ပြေးလွှားနေကြသည့် အလုပ်သမားတွေကိုကြည့်ပြီး တခစ်ခစ်နဲ့ရယ်လိုက်၊ ခုံပေါ်မှာတင်ထားသော puzzle အရုပ်လေးတွေကိုဆက်လိုက်နှင့် အလုပ်ရှုပ်လို့နေတော့၏...။
"မြေး... အရုပ်တွေဆက်နေတာလား...?"
အနားမှာလာထိုင်ပြီး ချိုသာစွာမေးလာသော အဘိုး...။
"ဟုတ်...ဘိုးဘိုး..."
"ဘိုးဘိုး မြေးကို ပြောစရာရှိလို့..."
ဘိုးဘိုးရဲ့ပြောစရာရှိလို့ဆိုတဲ့စကားအဆုံးမှာ ငါးနှစ်သားအရွယ်ထယ်ယောင်းသည် မျက်လုံးလက်လက်ကလေးတွေဖြင့် မော့ကြည့်လို့လာလေ၏...။
"ခဏနေကျရင် မွေးနေ့ပွဲကိုဂုဏ်ပြုပေးဖို့ ဘိုးဘိုးရဲ့သူငယ်ချင်းမိသားစုနဲ့ သူ့ရဲ့မြေးလေးတို့ ဒီကိုရောက်လာလိမ့်မယ်။ အခု ဘိုးဘိုးမွေးနေ့မှာ ဘိုးဘိုးက ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေကိုပဲဖိတ်ထားတာ မြေးလေးသိတယ်မလား...?"
"ဟုတ်..."
"အခု ဘိုးဘိုးပြောတဲ့ သူငယ်ချင်းဆိုတာက ဘိုးဘိုးရဲ့အရင်းနှီးဆုံးသူငယ်ချင်းပဲ။ အဲဒါကြောင့် မြေးလေးကလည်း ဘိုးဘိုးရဲ့သူငယ်ချင်းကိုရော သူ့ရဲ့မြေးလေးကိုရော ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး လိမ်လိမ်မာမာနေရမယ်နော်..."
"ဟုတ်ကဲ့ ဘိုးဘိုး..."
"ဘိုးဘိုးမြေးလေးက လိမ္မာတယ်။ ဘိုးဘိုးသူငယ်ချင်းရဲ့မြေးလေးက မြေးထက် နှစ်နှစ်လောက်ငယ်တယ်ပြောတယ်။ ကိုယ့်ရဲ့ညီအရင်းလေးလိုဆက်ဆံပြီး ရောက်လာရင် အဖော်လုပ်ပေးလိုက်နော် မြေး..."
![](https://img.wattpad.com/cover/339643486-288-k618791.jpg)