Episode-28

9.1K 806 202
                                    


#Unicode

ညအချိန် ဝရံတာဆီထွက်ရပ်ပြီး ဝရံတာဘောင်ပေါ်လက်တင်ထားလျက် ညကောင်းကင်၌ထိန်ထိန်သာနေပါသော လမင်းကြီးအား ကြည့်နေမိတဲ့ကိုယ်...။ ညအိပ်အင်္ကျီအပါးလေးသာဝတ်ထားရာ ညင်သာစွာတိုက်ခတ်လာတဲ့လေကြောင့် ချမ်းစိမ့်သလိုလိုရှိလာတာမို့လက်ကလေးနှစ်ဖက်ကိုကျုံ့လိုက်တုန်းမှာပဲ ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးကို အနောက်ကနေသိုင်းဖက်ရင်း သူ့ရင်ခွင်ထဲထည့်လာပါသော မောင်...။

မောင့်ရင်ခွင်ကျယ်ကြီးဆီကနေရနေတဲ့အနွေးဓာတ်ကြောင့် ချမ်းနေတာတောင်ဘယ်ပျောက်သွားမှန်းမသိတော့ပေ...။

ကိုယ့်ခါးတစ်ဝိုက်နေရာယူထားတဲ့မောင့်လက်တွေ‌ပေါ် ထပ်ကာအုပ်ကိုင်လိုက်ရင်းပြုံးလိုက်မိတော့ ကိုယ့်ရဲ့ညာဘက်ပါးပြင်ဆီရောက်လာတဲ့အနမ်းတစ်ပွင့်...။ တစ်ခါနဲ့လည်း မပြီး၊ နှစ်ခါနဲ့လည်းမပြီးတာမို့ ခေါင်းလေးစောင်းကာရှောင်လိုက်လေတော့ လည်တိုင်ဆီအနမ်းတွေပေးလို့လာပြန်သည်...။ ပါးကိုနမ်းလို့ရှောင်ရင် လည်တိုင်ဆီအနမ်းပေးတတ်တာ မောင့်အကျင့်ပင်...။

"မောင်တို့မင်္ဂလာသက်တမ်း တစ်နှစ်ပြည့် Anniversary  တောင်ရောက်လာတော့မယ်နော်..."

ကိုယ့်ကိုဖက်ထားရင်း မှတ်မှတ်ရရပြောလာသော မောင့်စကားနောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းပြုံးမိကြသည်...။ 'တစ်နှစ်' ဆိုတဲ့စကားလုံးလေးဟာ ကိုယ်တို့နှစ်ယောက်အတွက်ဘယ်လောက်တောင်အဓိပ္ပာယ်ရှိလဲဆိုတာ ကိုယ်တို့သာအသိဆုံးမို့...။

"ထယ် ဘာလုပ်ချင်လဲ...? တစ်နှစ်ပြည့်အထိမ်းအမှတ် ပါတီပွဲလေးလုပ်မလား...?"

"အင်း... Dinner Party လေးတော့လုပ်ချင်တယ်။ ဧည့်သည်အများအပြားမဖိတ်ဘဲ မီဒီယာသမားတွေလည်းမပါဘဲ မိသားစုနဲ့ရင်းနှီးတဲ့သူတွေလောက်ပဲဖိတ်ပြီး Dinner Party လေးလုပ်ရအောင်လေ။ ခြံထဲမှာပဲ..."

"ထယ့်သဘောအတိုင်းအကုန်ဖြစ်စေရပါမယ်ဗျာ..."

မောင့်စကားကြောင့် တောက်ပလှသောအပြုံးတွေက ကိုယ့်မျက်နှာပေါ်ဖြစ်တည်လာရတော့သည်...။ ထို့နောက် နှစ်ယောက်သား ထိုအနေအထားလေးအတိုင်းပဲ ဝရံတာမှာရပ်ရင်း ထိန်လင်းနေသည့်လမင်းကြီးကို ကြည့်ကာ ညဉ့်နက်သည်အထိ ချစ်စကားတွေဖောင်ဖွဲ့မိကြတော့၏...။

One Year Marriage (Completed)Where stories live. Discover now