#Unicode
ဆိုးလ်မြို့ရဲ့လမ်းမကြီးပေါ်ပုံမှန်အရှိန်နှုန်းနဲ့သွားနေပါသော Mercedes-Benz အနက်ရောင်ကားတစ်စီး...။ ကားထဲမှာတော့ စကားပြောသံတွေမရှိဘဲဆိတ်ငြိမ်လျက် အပ်ကျသံပင်ကြားရလောက်တဲ့အထိ တိတ်ဆိတ်လို့နေသည်...။
အမြန်မောင်းတာကိုမကြိုက်တဲ့ကိုယ့်ကြောင့် ကားကိုဖြည်းဖြည်းမှန်မှန်မောင်းပေးနေတဲ့သူကလည်း ကားမောင်းနေရာကနေ ကိုယ့်ဆီတစ်ချက်တစ်ချက်လှည့်ကြည့်လာပေမယ့် ဘာစကားတစ်ခွန်းမှပြောမလာသလို ကိုယ်ကလည်းဒီအတိုင်း...။ ပြောဖို့ပါးစပ်ဟလိုက်တိုင်း ဘယ်လိုစပြောရမှန်းမသိဖြစ်နေတာမို့ အခုထိစကားတစ်ခွန်းမှထွက်မလာသေးပေ...။
နောက်ဆုံး အရှေ့က မီးပွိုင့်ဟာ အနီရောင်ကိုပြနေတာကြောင့် ကားကိုရပ်လိုက်တဲ့တစ်ခဏ အသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်ကာ ဒီလိုနေရခက်ဖြစ်နေတဲ့နှစ်ယောက်ကြားက အခြေအနေကြီးကို ဖြိုခွင်းဖို့အတွက် ကိုယ့်ဘက်ကနေစကားစလိုက်သောအခါ...
"ဟို..."
"ဟို..."
ပြိုင်တူထွက်ပေါ်လာသော ကိုယ်တို့နှစ်ယောက်ရဲ့စကားသံ...။
"မောင်..."
"ငါ..."
ထပ်ပြီး ဒုတိယအကြိမ်အဖြစ် ပြိုင်တူဆိုသလိုထွက်ပေါ်လို့လာပြန်သည်...။
"မောင် ထယ့်ကိုပြောစရာရှိလို့..."
"ငါ မင်းကိုပြောစရာရှိလို့..."
တတိယအကြိမ်အဖြစ်ပြိုင်တူထွက်လာတဲ့စကားသံနောက်မှာတော့ ကိုယ်ရော သူရော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အသံထွက်သည်အထိသဘောတကျရယ်ကြမိလေတော့၏...။
အိမ်ထောင်ဖက်တွေဖြစ်နေကြပေမယ့် ရန်ဖြစ်ပြီးလို့စကားစပြောရန် အချင်းချင်းရှက်သလိုလိုဖြစ်နေကြတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ပုံစံဟာ ရယ်ချင်စရာကောင်းနေတာတော့အမှန်ပင်...။
"ထယ်ပြောစရာရှိလို့လား...? အရင်ပြောလေ..."
ခဏကြာလေတော့ ကိုယ့်ဘက်ကိုလှည့်ကြည့်ပြီးပြောလာသော သူ...။ ကိုယ့်ဘက်ကနေအရင်စတောင်းပန်ရမှာက အမှန်ဖြစ်နေတာကြောင့် ကိုယ့်ဘက်ကပဲစကားစလိုက်တော့သည်...။
![](https://img.wattpad.com/cover/339643486-288-k618791.jpg)